နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)အိမ်ရာအား သုခတော်ဝင်အိမ်ရာအဖြစ် ပြောင်းလဲ အိမ်ရာများဆက်လက်ဆောက်လုပ်၊ ဒုတိယထပ်နှင့်တတိယထပ် မူလဈေးထက်လျှော့ရောင်း

နေပြည်တော် ဧပြီ  ၂

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် နိုင်ငံဝန်ထမ်း(အငြိမ်းစား)များနှင့် တာဝန်ထမ်းဆောင်ဆဲ အိမ်ရာမရှိ ဝန်ထမ်းများအတွက် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ပျဉ်းမနား-တောင်ညိုလမ်းဘေး (မြို့မဈေး)အနီးတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီက တိုက်ခန်း  ၁၆ ခန်းပါ၊ ၄ ခန်းတွဲ ၄ထပ်(4U4S) တိုက် ၁၈၉ လုံး၊ တိုက်ခန်း ၃၀ဝ၀ အား တည်ဆောက်အကောင်အထည်ဖော် နေသည်။ စီမံကိန်းပထမအဆင့်အနေဖြင့် တိုက်ခန်း ၁၆ ခန်းပါ ၄ ခန်းတွဲ ၄ ထပ်တိုက် ၆၃ လုံးအား၂၀၂၀ပြည့်နှစ် မတ်၂၁ ရက်မှစတင်ပြီး ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်နှင့် ဉာဏသိဒ္ဓိရပ်ကွက်ကြား ရတနာအောင်မြေလမ်း၏ တောင်ဘက်မြေလွတ်တွင် ဆောက်လုပ်နေသည်။

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)အိမ်ရာများအား အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများနေထိုင်နိုင်ရေး အတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိယပတ်တွင် သုခတော်ဝင်အိမ်ရာ(နေပြည်တော်)ဟု အမည် ပြောင်းလဲခဲ့ပြီး သုခတော်ဝင် အိမ်ရာပထမအဆင့်တိုက် ၃၉ လုံးအနက်ပြီးစီးသည့် တိုက်၂၆ လုံးကို ဖေဖော်ဝါရီ၁၉ ရက်တွင်လူနေထိုင်ခွင့်နှင့် တိုက်ခန်းသော့များကို တိုက်ခန်းဝယ်ယူထားသူများထံ အပ်နှံခဲ့ပြီး လူများနေထိုင်လျက်ရှိသည်။ ထပ်မံပြီးစီးသော C5,6,11,12 တိုက် ၄ လုံးကိုလည်း မတ်၂၅ ရက်ကတိုက်ခန်းဝယ်ယူသူများထံလူနေထိုင်ခွင့်နှင့် သော့များအပ်နှံခဲ့သည်။ ပထမအဆင့် ကျန်တိုက်များအမြန်ပြီးစီးအပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဒုတိယအဆင့်တည်ဆောက်လျက်ရှိသော တိုက်များ အမြန်ပြီးစီးရေးဆောက်လုပ်ရေး ကုမ္ပဏီများမှ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

တည်ဆောက်နေသည့် ဒုတိယအဆင့်တိုက်ခန်းများအား ယခင်ဈေး ထက်တတိယထပ် တိုက်ခန်းအားကျပ်သိန်း ၃၀ နှင့် ဒုတိယထပ်တိုက်ခန်းအား ကျပ် ၁၀ သိန်း လျော့ဈေး ဖြင့်လည်းကောင်း၊ ၁၆ ခန်းပါ တိုက်တစ်လုံးအား ငွေကျပ် ၃၆၀ဝ သိန်းဖြင့်လည်းကောင်း ရောင်းချပေး လျက်ပြီး တိုက်ခန်းဝယ်ယူလိုသူများ သုခတော်ဝင်အိမ်ရာစီစစ်နေရာချထားရေးဆပ်ကော်မတီ နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း သိရသည်။                      

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ