နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နှလုံးရောဂါလျှို့ဝှက်ချက်

မတ်       ၃၁
လူ့နှလုံးဟာ ရင်ညွန့်ရိုးရဲ့ နောက်ပိုင်းမှာတည်ရှိပြီး လူရဲ့လက်သီးဆုပ်သဏ္ဌာန်ရှိက သူနဲ့အနီးဆုံးက အဆုတ်ဖြစ်တယ်။ ဘယ်ဘက်မှာရှိတယ်။ နှလုံးကနေ သွေးအဓိကပို့လွှတ်တဲ့ အင်္ဂါတွေက အဆုတ်နဲ့ ဦးနှောက်ဖြစ်တယ်။ နှလုံးရုတ်တရက် အတိုက်ခိုက်ခံရခြင်း ဦးနှောက်ရုတ်တရက်အတိုက်ခိုက်ခံရခြင်းတွေမှာ သေဆုံးတတ်တယ် ။

နှလုံးဟာ ခန္ဓာကိုယ်တစ်ခုလုံးရှိသွေးကြောတွေကို သွေးစီးဆင်းစေဖို့ အတွက် အလုပ်လုပ်ရတယ်။ အလေးချိန် (၁၀) အောင် စရှိပြီး၊ အခန်း(၄)ခန်းနဲ့ ဖွဲ့စည်းထားတဲ့ နှလုံးကြွက်သားဟာ အမျှင်တစ်သျှူးတွေနဲ့ ပေါင်းစည်းထားပြီး အပေါ်ယံမှာ သွေးလွှတ်ကြောငယ်ရှိတယ် ။ ဆံချည်မျှင်သွေးကြောတွေပတ်ရံထားကာ တစ်ကိုယ်လုံးကို သွေးပို့တဲ့ပမာဏ လူတစ်ယောက်တစ်သက်တာအတွက် တန်ချိန် ၃၀၀ မျှ ပမာဏရှိတယ်။ သွေးနဲ့အသက်ရှင်နေတဲ့ လူသားတွေအတွက် သွေးလွှတ်တဲ့အလုပ်ကို လုပ်နေတဲ့နှလုံးကို ဘယ်လောက် ဂရုစိုက်ရမယ်ဆိုတာ ထင်ရှားတယ် ။

နှလုံးသွေးလွှတ်ပုံက နှစ်မျိုးရှိတယ်။ နှလုံးကြွက်သားများကျုံညှစ်ပြီး၊ သွေးလွှတ်ခြင်းနဲ့ နှလုံးနား နေချိန်၊ သွေးလွှတ်ခြင်းတို့ ဖြစ်တယ်။ နှလုံးသွေးပို့လွှတ်မှုကို နှောင့်ယှက်တဲ့အခြေအနေတွေက နှလုံးသွေးကြော ကျဉ်းခြင်း၊ ပိတ်ဆို့ခြင်း ၊ကျယ်ခြင်း၊ နှလုံးကြွက်သားအားနည်းခြင်း၊ ပျက်စီးခြင်း၊ နှလုံးအဆို့ရှင် (Coronary/mitral/Aortic/Jugular Valves) တို့ရဲ့ အားနည်းခြင်း၊ ပျက်စီး ခြင်းတို့ကြောင့် ဖြစ်တယ်။
နှလုံးသွေးကြော ကျဉ်းတာနဲ့ ဆန့်ကျင်ဘက်က နှလုံးသွေးကြော ကျယ်ခြင်း (Coronary dilatation) ဟာနှလုံးသွေးပြောင်းပြန်စီးစေခြင်း (Regurgitation) ဖြစ်ကာ အသက်သေဆုံးစေနိုင်တယ်။

နှလုံးသွေးပို့လွှတ်မှနှစ်ခုထဲက နှလုံးကြွက်သားကျုံ့ညှစ်ပြီး သွေးလွှတ်မှု (Systolic pressure ) ဟာ လူတစ်ဦး အတွက် တစ်နေ့တာနေထိုင်လုပ်ကိုင် လှုပ်ရှားသွားလာရာမှာ တစ်ပြိုင်နက်တည်း အလုပ်လုပ်ပြီး၊ နှလုံးကျုံးညှစ်မှုမရှိတဲ့ သွေးလွှတ်မှု (Diastolic pressure)က ညဘက်အိပ်စက်အနားယူချိန်မှာ အလုပ်လုပ် ပါတယ်။ ဒါကြောင့်နှလုံးသွေး ပို့လွှတ်မှုဟာ လူတစ်ဦးအတွက် စိတ်မအားလူမအား၊ အချိန်တွေမှာ အများဆုံး အလုပ်လုပ်တယ် ။
 လူတစ်ဦးမှာ နှလုံးနဲ့ပတ်သက်ပြီး ရောဂါတစ်မျိုးမျိုးဖြစ်လာပြီဆိုရင် ထင်ရှားစွာပြတဲ့ လက္ခဏာတွေက ရင်ညွန့် စူးအောင့်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အနည်းငယ်လှုပ်ရှားလုပ်ကိုင်ရုံနဲ့ မောပန်းခြင်း၊ ချွေးစေးထွက်ခြင်း၊ ခြေဖျားလက်ဖျားများထုံကျင်ခြင်း တွေဟာ ထင်ရှားတဲ့ လက္ခဏာဖြစ်တယ်။

 လူတွေအပြောများတဲ့ နှလုံးအတိုက်ခံရမှု (Heart Attack) ကရုတ်တရက်နှစ်လုံးရပ်သွားတာဖြစ်တယ်။ ငါးမိနစ်အတွင်း အရေးပေါ်နည်းနဲ့ နှလုံးပြန်မနှိုးရင် အသက်သေဆုံးနိုင်တယ်။ သွေးကြောထဲ ကိုလက်စထရော စုပုံနေပြီး အခြေအနေတစ်ခုခု ကြောင့် အဆီဖတ်ပြုတ်ကျကာ သွေးသွားလာ မှုပိတ်ဆို့သွားရင်း မေ့ပျောက် သွားမယ်။

နှလုံးရောဂါဖြစ်ပြီဆိုရင်အခြားအသည်း၊ အဆုတ်၊ ကျောက်ကပ် စတဲ့အင်္ဂါတွေရဲ့ ရောပါလက္ခဏာတွေ ချက်ချင်းမပြပဲ၊ ပုန်းလျှိုး ကွယ်လျှိုး ရှိနေတတ်ပါတယ် ။ နှလုံးရောဂါကိုသဘာဝကုထုံးတွေကို အားကိုးရမယ့် ရောဂါမဟုတ်ဘူး ။ ခေတ်မီစက်ကိရိယာ အီးစီဂျီ၊ အက်ကိုး (ECG;Echo)ကားဒီးရပ်စကင်၊ (Cardiac Scans) တို့ရဲ့ အထောက်အကူအများကြီး လိုအပ်ပါတယ်။ သဘာဝကုထုံးတွေက အခြေအနေမဆိုးခင် ကြိုတင်ကာကွယ်တဲ့ နေရာမှ ထိရောက်ပြီး၊ ခွဲစိတ်ကုသမှု မခံယူနိုင်တဲ့ ကလေး၊ လူကြီးတွေအတွက် အကျိုးပြုရှိလှပါတယ်။

နှလုံးကုသတဲ့ ခေတ်မီဆေးဝါးတွေက အက်စပရင် (Asprin) ဘီတာ ဘ လော့ကာ (B-Blocker)ပြီး ဆီးဆေး (diuretices) ကယ်လဆီယမ်ဆန့်ကျင်ဆေး(Calcium Antaganist ) ဒိုင်ဂေါ့ဇင်(Digoxin), စားဆေးပေး ခြင်းတို့နဲ့၊ သက်ဆိုင်ရာ အဆို့ရှင် ကြွက်သား၊ သွေးကြောတို့ကို ခွဲစိတ်ကုသခြင်းတို့ဖြစ်တယ်။

နှလုံးဟာ လူသားတို့ ခန္ဓာကိုယ်မှာ အရေးကြီးဆုံးအင်္ဂါတစ်ခုလည်း ဖြစ်နေတဲ့အတွက် ဘယ်ကုထုံးကို အသုံးပြုတာဖြစ်စေ၊ ကျွမ်းကျင်နားလည်သူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှသာ ပြုလုပ်သင့်တယ်။ လူတို့ရဲ့ နေထိုင်မှုစနစ် ပြောင်းလဲလာတာနဲ့အမျှ  အညောင်းမိစေတယ်။
မိသားစုအားလုံးတိုင်;ပင် လေ့ကျင့်ခန်းလုပ်ဆောင်မှုလျော့နည်းကာ၊ အညောင်းထိုင်အညောင်းမိစေတယ်။ နေစဉ်နာရီဝက်မှ တစ်နာရီ အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပေးသင့်တယ်။ နေ့စဉ်လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ကျစေခြင်း၊ သွေးတိုးကျစေခြင်း၊ သွေးအတွင်းသကြားဓာတ်၊ အဆီတက်ကျစေခြင်း၊ စိတ်ဖိစီးမှုကျစေခြင်း၊ ရလဒ်တွေရရှိနိုင် စေပြီး၊ ယင်းရလဒ်တွေက နှလုံးကျန်းမာသန်စွမ်းရေးအတွက် အထောက်အကူပြုပါတယ်။

   သဘာဝအစားအစာ စားသုံးခြင်းဟာ  နှလုံးရောဂါအတွက် အရိုးရှင်းဆုံးအကောင်းဆုံး နည်းလမ်းပဲဖြစ် ပါတယ်။ လူတစ်ယောက်ဟာ ခွန်အားနဲ့ရောဂါခုခံနိုင်မှုစွမ်းအား၊ ဇီဝကမ္မဖြစ်စဉ်၊ လည်ပတ်မှုယန္တရား (Metabolism) အတွက် အာဟာရမျိုးစုံ လိုအပ်ပါတယ်။ ယင်းမှကိုယ်ရဲ့ သက်ဆိုင်တဲ့ရောဂါအတွက် လိုတိုးပိုလျှော့ဖြည့်နိုင်ပါတယ်။

 ကယ်လိုရီ အဆီနဲ့အသားဓာတ်အတွက် အဆီဓာတ်က နှလုံးသွေးကြော၊ အသား (Protein) စားပေး သင့်တယ်။ အသားတွေမှာပါတဲ့ အဆီဓာတ်ကနှလုံးသွေးကြောပိတ်စေတဲ့အတွက် နှလုံးရောဂါသမားတွေကို နေ့စဉ်အသား (၄)အောင်စ စားသင့်တယ်လို့ ညွှန်တတ်တယ်။
ဖြည့်စွက်စာမှာ နှလုံးသွေးအားကောင်းစေတဲ့၊ နှလုံးကြွက်သားမျှင်တွေအားကောင်းစေတဲ့ ဟင်းသီး ဟင်းရွက်သစ်သီးဝလံ၊ အစေ့အဆန်နဲ့  ပဲအမျိုးမျိုးတို့ကို စားသုံးပေးရမှာ ဖြစ်တယ်။ ယင်းမှရတဲ့ အဆီဓာတ်  ၂ မျိုးက နှလုံးသွေးလွှတ်ကြောကို ခဲစေ၊ ပိတ်ဆို့စေတဲ့ သွေးဥမွှား (Platelets) တွေလျှော့ချပေးတယ်။ အိုမီဂါ (၃)၊ အိုမီဂါ (၆) တူနာ၊ ဆာဒင်၊ ငါးသလောက် ၊ ဗန်ဒါစေ့ ၊ နေကြာစေ့ ၊ ငါးကြီးဆီ တို့ကနေ ရရှိပါတယ် ။

     ပန်သီး၊ ဗင်နီဂါ ၊ ပန်းသီးဖျော်ရည်တို့က သွေးလွှတ်ကြော မျက်နှာပြင်တွေရဲ့ ပျက်စီးခြင်းကာကွယ်ပေးပြီး သွေးလွှတ်ကြောမျက်နှာပြင် (Arterial Plaque)မှာ နေတဲ့ကိုလက်စထရောကိုလျော့ချပေးပြီး ခုခံအားစနစ်ကို ကောင်းမွန်စေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေကို တိုးပွားစေတယ်။ ပန်းသီး ဗင်နီဂါအလွယ်တကူဝယ်မရရင်၊ ပန်းသီးဖျော်ရည်ထဲ ရိုးရိုးဗင်နီဂါ (အပျော့) တစ်ဇွန်းရောကာတစ်နေ့ (၃)ကြိမ်သောက်သုံးနိုင်တယ်။

ဟိုမို ဆိုက်စတန်းဟာ အမိုက်နိုအက်ဆစ် တစ်မျိုးဖြစ်ပြီး အသားထဲမှာပါဝင်တယ် ။ အစားများရင် သွေးကြောရောဂါဖြစ်ပွားစေတယ်။ သွေးကြောအဆိပ်သင့်ခြင်း ပျက်စီးခြင်းဖြစ်ပွားစေတယ်။ နှလုံးရောဂါ အားလုံးရဲ့  ၃၀ ရာခိုင်နှုန်းက ဟိုမိုဆိုက်စတိန်းများခြင်းကြောင့်ဖြစ်တယ် ။ ဗီတာမင်ဘီတွဲနဲ့ ဘီစစ် (Vitamin B6, B12)တို့က ဟိုမိုစစ်စတင်း၊ မီသိုင်းအိုနင်းနဲ့ စစ်စတင် (Methionim, Cystine) ပြောင်းလဲပေးပါတယ်။

 ဗီတာမင်ဘီစစ်အတွက် ဂျုံကြမ်း၊ သစ်ကြားသီး၊ ငှက်ပျောသီး၊ ထောပတ်သီးတစ်မျိုးမျိုးကို နေစဉ် (၁၀၀)မီလီဂရမ်နဲ့ အထက်စားသုံးပေးရမယ် ။ ဗီတာမင်ဘီတွဲအတွက် သိုးအသည်း၊ ဆိတ်အသည်း၊ ပုစွန်၊ ကြက်ဥ ဆိတ်သားတို့မှရမယ်။ ဗီတာမင်အီး ကြွယ်ဝတဲ့အစာတွေက ဂျုံစေ့၊ နေကြာစေ့ ၊ ကြက်ဥ၊ ထောပတ်၊ ပဲပင်ပေါက်သစ်သီးနဲ့ အရွက်စိမ်းအများအပြားပါဝင်တယ်။ မဂ္ဂနီယမ်သတ္တုဓာတ်ကို မုန်လာ၊ ဒန်သလွန်၊ တရုတ်နံနံ ၊ ဆလတ်ရွက် အာလူး၊ သရက်သီး၊ ဩဇာသီး၊ ငှက်ပျောသီး၊ ဆီးသီးတို့မှ ရရှိတယ် နှလုံးသွေးကြောကျယ်စေနိုင်တယ်။     ။                         

ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ