နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့ကရိတ်မြို့၌ (၇၆ )နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ကော့ကရိတ် မတ် ၂၇

 မတ် ၂၇ ရက်နေ့တွင်ကျရောက်သည့် (၇၆)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကားလက်ကမ်းစာစောင်များကို မတ် ၂၇ ရက်၊ နံနက် ၉ နာရီ အချိန်က ကော့ကရိတ်မြို့ရှိ ပြည်သူများလေ့လာဖတ်ရှုနိုင်ရန်အတွက် အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

 ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မှထုတ်ဝေသော(၇၆)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင်ပါရှိသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့်မိန့်ခွန်းကောက်နုတ်ချက်များ၊ (၇၆)နှစ် မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့်ပြောင်း လဲဖွဲ့စည်းပုံ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်များ၊ ကဗျာ၊ ကာတွန်းနှင့် ဆောင်ပုဒ်များပါရှိသည့် လက်ကမ်းစာစောင်များအား ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊  ပြည်သူများ၊ နယ်မြေခံ (၉၇)တပ်ရင်းနှင့် နဘူးတပ်ရင်းတို့ရှိ တပ်မတော်သားများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

(ခရိုင်ပြန်/ဆက်






အခြားဆက်စပ်သတင်းများ