နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် နေ့၊ ည အသံမစဲ အဘိဓမ္မာမဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူ

ကော့ကရိတ် မတ် ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်း ပရိယတ္တိစာသင်တိုက်၌  ဗုဒ္ဓပူဇနိယ ပွဲတော်အထိမ်းအမှတ်အဖြစ် (၂၇)ကြိမ်မြောက် နေ့၊ ည အသံမစဲ အဘိဓမ္မာမဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မတ် ၂၇ ရက် နံနက် ၉ နာရီအချိန်က တောင်ပေါ် ကျောင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ကျင်းပသည်။ ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမများက နမောတဿသုံးကြိမ်သံပြိုင်ရွတ်ဆိုပြီး အခမ်းအနား အားဖွင့်လှစ်ခဲ့သည်။

ထို့နောက် တောင်ပေါ်ကျောင်းတိုက် ဆရာတော်နှင့် မဟာစည်သာသနာ့ရိပ်သာ ဆရာတော်တို့က အနုမောဒနာတရား ချီးမြှင့်ပေးတော်မူပြီး လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။ ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်းတိုက် စာချဦးအိန္ဒကက ပဋ္ဌာန်းတရားတော် နာကြားရန်အတွက် ဖိတ်ကြား ထားသော နတ်ဗြဟ္မာတို့အား နတ်ပို့ဂါထာဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး၊ ဆရာတော်၊ သံဃာတော်များနှင့် ရှင်သာမဏေများအား ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းနှင့် ဝတ္ထုငွေများကို ဆက်ကပ် လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်လှူပွဲသို့ ကော့ကရိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ရှင်သာမဏေများနှင့် သီလရှင်များမှကြွရောက် ချီးမြှင့်ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူများက ဆန်၊ ဆီ၊ ဆေး၊ ဆားအစရှိသည့် လှူဖွယ်ဝတ္ထုအစုစုတို့ကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြကြောင်း သိရသည်။                စောအောင်မျိုးလွင် (ပြန်/ဆက)






အခြားဆက်စပ်သတင်းများ