နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လင်းပိုင်သားပေါက်များ တွေ့ရှိပါက ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သို့ အမြန်ဆုံးအကြောင်းကြားပေးရန် အသိပေးကြေညာထား

မန္တလေး မတ် ၂၈

မန္တလေး-ဗန်းမော် ရေကြောင်းလမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများအနေနှင့် ဧရာဝတီလင်းပိုင် သားပေါက်များတွေ့ရှိပါက ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သို့ အမြန်ဆုံး အကြောင်းကြား ပေးရန် သက်ဆိုင်ရာမှ အသိပေးကြေညာထားကြောင်း သိရသည်။
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေးမှ ဗန်းမော်ဘက်အထိ နှစ်စဉ်တစ်နှစ်လျှင်တစ်ကြိမ် ဖေဖော်ဝါရီလ၌ ဧရာဝတီလင်းပိုင်များအား စစ်တမ်းကောက်ယူသောခရီးစဉ်ကို ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ၎င်းခရီးစဉ် မထွက်ခွာနိုင်သေးသောကြောင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာများနှင့် ၎င်းဧရိယာများပြင်ပတွင် ဧရာဝတီလင်းပိုင် သားပေါက်များကို ကျေးရွာများမှ ဒေသခံရေလုပ်သားများက တွေ့မြင်ပါက ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့သို့ အမြန်ဆုံးအကြောင်းကြားပေးရန် သက်ဆိုင်ရာမှ အသိပေးကြေညာထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်းက မန္တလေးမှ ဗန်းမော်အထိ ဧရာဝတီလင်းပိုင်များ စစ်တမ်းကောက်ယူရာတွင် မန္တလေးနှင့် ကျောက်မြောင်းအကြား ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက် ရေးဧရိယာ(၁)တွင် ၂၈ ကောင်၊ ထီးချိုင့်-ကသာ-ရွှေဂူ ဧရာဝတီလင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေးဧရိယာ(၂) အပါအဝင် ကန့်ဘလူမြို့နယ်၊ မလယ်ကျေးရွာနှင့် ရွှေဂူမြို့နယ်အကြားတွင် ၃၇ ကောင်၊ ဗန်းမော်မြို့နယ်တွင် ၁၄ ကောင်၊ စုစုပေါင်း ဧရာဝတီလင်းပိုင် ၇၉ ကောင်ကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။   

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ