နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပဈေးကွက်များတွင် ပဲတီစိမ်းများ လိုအပ်နေသဖြင့် မြန်မာ့ပဲတီစိမ်းများ ဈေးကောင်းရလာနိုင်

မန္တလေး မတ် ၂၇

တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့တွင် ပဲတီစိမ်းများလိုအပ်နေခြင်းကြောင့် ယခုနှစ်တွင် မြန်မာ့ပဲတီစိမ်းများ ဈေးကောင်းရလာနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့မှ ပဲ၊နှမ်းကုန်သည်များက ပြောသည်။

မြန်မာ့ပဲတီစိမ်းများကို တရုတ်နိုင်ငံက တစ်နှစ်ပတ်လုံး အရည်အသွေးအလိုက်၊ ဒေသအလိုက် ဝယ်ယူမှု များရှိနေသလို အိန္ဒိယနိုင်ငံကလည်း လိုအပ်ချက်နှင့်အညီ မြန်မာ့ပဲတီစိမ်းများကို ဝယ်ယူတင်သွင်းနေသော ကြောင့် ဝယ်လက်များဆုံသောကာလများတွင် မြန်မာ့ပဲတီစိမ်းများသည် ဈေးကောင်းရရှိလာနိုင်ကြောင်း သိရသည်။
ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသော ပဲတီစိမ်းများကို တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့နေပြီး အိန္ဒိယနိုင်ငံ ကလည်း မြန်မာ့ပဲတီစိမ်းများကို အကန့်အသတ်ဖြင့် ဝယ်ယူလေ့ရှိရာ နှစ်နိုင်ငံဈေးကွက် လိုအပ်ချက်အပေါ် မူတည်ကာ ပဲတီစိမ်းဈေးနှုန်းများ အပြောင်းအလဲ ရှိလာနိုင်ကြောင်း သိရသည်။

ယခုနှစ်တွင် ပြည်တွင်း၌ မတ်ပဲထက် ပဲတီစိမ်းစိုက်ပျိုးမှု ပိုများပြီး ယခုအခါ ပဲတီစိမ်းအသစ်များ ပေါ်ချိန်ဖြစ်ကာ ကုန်သည်၊ဝယ်လက်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာ့ပဲတီစိမ်းအသစ်များ တင်ပို့နိုင်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှထွက်ရှိသော ပဲတီစိမ်းထက် မတ်ပဲကို ပိုမိုဝယ်ယူတင်သွင်းလေ့ရှိကြောင်း သိရသည်။

(မိုးယံထက်)






အခြားဆက်စပ်သတင်းများ