နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးရွှေဈေးကွက် တစ်ကျပ်သား ကျပ် ၁၃ သိန်းကျော် ဈေးများမြင့်တက်၍ အရောင်းအဝယ်အေး

မန္တလေး မတ် ၂၇
မန္တလေးမြို့၊ ရွှေဈေးကွက်တွင် မတ် ၂၆ ရက် ဈေးဖွင့်ချိန်တွင် တစ်ကျပ်သားကျပ် ၁၃၈,၇၀ဝ၀ အထိ မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး၊ ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
ဒေါ်လာလဲလှယ်နှုန်းမြင့်တက်လာခြင်း၊ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်နေခြင်းကြောင့် မြန်မာ့ရွှေဈေးများ မြင့်တက်လျက်ရှိသည်။ မဟာသင်္ကြန်အကြိုကာလ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၁၃ သိန်းအောက် ပြန်ကျရန် မဖြစ်နိုင်သေးကြောင်း၊ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်း ရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
 ရွှေဈေးအမြင့်ဆုံးဈေးတွင် ရပ်တည်နေသောကြောင့် အရောင်းအဝယ်အေးသွားပြီး ရွှေစုဆောင်းထားသူ အချို့မှာလည်း အခေါက်ရွှေဈေးကျပ် ၁၃ သိန်းရှစ်သောင်းကျော်ရောက်ရှိလာသဖြင့် ပြန်လည်ထုတ်ရောင်းချသူ များပြားလျက်ရှိကြောင်း၊ မန္တလေးမြို့ရွှေအရောင်းအဝယ်ဈေးကွက်မှ သိရသည်။
မတ်၂၆ ရက် နံနက် ၈ နာရီ ရွှေအဖွင့် ဈေးအခေါက်ရွှေတစ်ကျပ်သား ၁,၃၈၇,၂၀၀ ကျပ်၊ ၁၅ ပဲရည် ၁၃၀၅,၄၀ဝ ကျပ်၊ ဒင်္ဂါး ၁,၂၉၈,၀ဝ၀ ကျပ်ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်ထရိုင်အောင်စ ၁၇၄၁ ဒေါ်လာ၊ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၁၄၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။    
            မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ