နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွင့်ဖြူမြို့နယ်၌ (၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

ပွင့်ဖြူ      မတ်       ၂၇

၂၀၂၁ ခုနှစ် ၊ မတ် ၂၇ ရက်နေ့တွင် ကျရောက်သော (၇၆)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော သတင်း စကားလက်ကမ်းစာစောင်များကို မတ် ၂၆ ရက်၊ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မြို့နယ်တပ်မတော်ဝါစိုက်ပျိုးရေးတပ်သို့ သွားရောက်ပြီး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြည်သူလူထုထံသို့ ပြောကြားသည့် မိန့်ခွန်းကောက်နုတ်ချက်များနှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံအဆင့်ဆင့်၊ ဗိုလ်ချုပ်အောင်ဆန်း ပြောကြား ခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ ၊ တပ်မတော်နေ့အထိမ်းအမှတ် ကဗျာဆရာ မောင်စိမ်းနောင် (လယ်ဝေး) ရေးသားသည့် "ဇာနည် သာကီ လာပြီ " ကဗျာနှင့် ကာတွန်းများပါဝင်ကြောင်း သိရကာ မတ် ၂၆ ရက်က ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန မြို့နယ်ဦစီးမှူး ဒေါ်ခင်ဝါဝါလှိုင်နှင့် ဝန်ထမ်းများ က မြို့နယ်တပ်မတော်ဝါစိုက်ပျိုးရေးတပ်သို့ သွားရောက်၍ သတင်းစကား လက်ကမ်းစာစောင်၊ စောင်ရေ ၄၇၅ စောင်အား တပ်မတော်အရာရှိနှင့် စစ်သည်များထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
  ရဲဝင်းနိုင် ( ညောင်ဦး )






အခြားဆက်စပ်သတင်းများ