နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်

စစ်တွေ မတ် ၂၇

ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်ရှိ မြို့နယ် ၆ မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် မြို့နယ်များတွင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်တို့ ပါဝင်ကြောင်း၊ ထိုသို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်တွင်းမှလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူကာ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းမြို့နယ် ၆ မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လိုသော ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါအဆိုပြု လွှာများကို ယခုအခါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ရောင်းချပေးနေပြီဖြစ်ကြောင်း သိရ သည်။

လုပ်ငန်းရှင်များအနေနှင့် ၎င်းတို့၏ တင်ဒါအဆိုပြုလွှာများကို လာမည့်ဧပြီလ ၉ ရက်၊ ညနေ ၄ နာရီ နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည် ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ဖုန်းနံပါတ် - ဝ၉ ၄၂၁၇၁၀၃၂၂ နှင့် ဝ၉ ၅၆၈၀၃၆၀ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။   
           
ကိုဆောင်း(ဥက္ကလာ)






အခြားဆက်စပ်သတင်းများ