နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့မှူး၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး

ကော့မှူး မတ် ၂၆
 ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံတွင် မတ် ၂၆ ရက်၊ နံနက် ၉ နာရီမှစတင်၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( COVlSHlELD ) ပထမ အကြိမ်ထိုး နှံခြင်းများ စတင်ဆောင်ရွက်နေကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ပတ်သက်၍ရှင်းလင်းပြောကြား၊ ကျန်းမာရေး စစ်ဆေးခြင်းများ ကိုဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာကာကွယ်ဆေးထိုးနှံ ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကော့မှူးမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းများအား မတ် ၂၆ ရက်၊ နံနက်မှစတင်၍ ထိုးနှံ‌ပေးနေပြီး ကျန်ရှိသောဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)နှစ် အထက်အဘိုးအဘွားများကိုလည်း ဆက်လက်ထိုးပေး‌နေကြောင်း သိရသည်။ ပထမအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးသူများအား ရက်သတ္တပတ်လေးပတ်ခြား၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကိုဆက် လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။           
           
သီဟကျော် (ကော့မှူး)






အခြားဆက်စပ်သတင်းများ