နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆီဘောက်ဆာယာဉ်အတွင်း ထည့်သွင်းသယ်ဆောင်လာသော တရားမဝင်သစ်များ X-Ray စက်ဖြင့် စစ်ဆေးရှာဖွေ ဖမ်းဆီး

မန္တလေး   မေ  ၁၅

မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ တရားမဝင်သစ်များသယ်ဆောင်ရောင်းဝယ်မှု လျော့နည်း ပပျောက်ရေးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိရာ မေ ၁၃ ရက်၊ နံနက် ၁၀ နာရီတွင် ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နှင်းရေး ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေး-ပြင်ဦးလွင်-လားရှိုးလမ်း X-Ray စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်အမှတ် YGN-7M/---၏နောက်တွဲ 1TLR ဆီဘောက် ဆာအားစစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင်ပိတောက်ဓားရွေး  ၁၉၉ တုံး၊ ၈ ဒသမ ၅၂၉၀ တန်အား သစ်သယ်ဆောင်လာသူ ၃ ဦးနှင့်အတူ ဖမ်းဆီးရမိပြီး သစ်သယ်ဆောင်လာသူများအား သစ်တောဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်းက စစ်ဆေးဆောင်ရွက်လျက်ရှိ သည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ