နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာအောင်မြေမြို့နယ် စိန်ပန်းဈေးအနီးဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွား

မန္တလေး  မတ် ၈

မန္တလေးမဟာအောင်မြေမြို့နယ် စိန်ပန်းရပ်ကွက်အကွက် (၃၃၁) ၃၅လမ်းနှင့် ၃၆လမ်းကြား၊ လမ်း ၉၀ နှင့် ၉၁ လမ်းကြား၊ စိန်ပန်းဈေးအနီးတွင်မတ် (၆) ရက်မွန်းလွဲ၁၂နာရီ ၁၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။ မီးလောင်မှု ဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဇော် ဝင်းထွန်း၊ မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ကိုကို၊ မဟာအောင်မြေမြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၃၀ဦး၊  ဒေသ အရန်မီးသတ်တပ်ဖွဲ့ဝင် ၇၀ နှင့် Level-1 အဆင့်မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့နှင့် အတူရပ်ကွက်ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ၁၂နာရီမိနစ်၂၀တွင်မီးထိန်းနိုင်ပြီး ၁၂ နာရီမိနစ် ၃၀ တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက စစ်ဆေးရာနေအိမ်အတွင်း စာအုပ်စင်ပေါ်တွင်တင်၍ ဖုန်းအား သွင်း ထားရာမှအပူလွန်ကဲပြီးစာအုပ်စင်မှတစ်ဆင့် အနီးရှိထရံသို့မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မီးလောင် မှုကြောင့်ပေ၂၀ x ပေ ၃၀ သွပ် မိုးထရံကာပျဉ်ခင်းနှစ်ထပ် အဆောက်အဦးတစ်လုံး၊ ၁၂ ပေ x ပေ၃၀နံကပ်သုံးထပ် အဆောက်အဦအပေါ်ထပ်တို့နှင့်အတွင်းပစ္စည်းများ စုစုပေါင်းတန်ဖိုးကျပ် ၃၈သိန်းဖိုးခန့် မီးလောင်ဆုံးရှုံးခဲ့သည်။ မီးလောင်မှုနှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ်အမှတ်(၇) နယ်မြေရဲစခန်းက(ပ)၄၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်၍စစ်ဆေးဆောင်ရွက်လျက်ရှိသည်။          
                                          
မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ