နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆည်တော်ကြီးရေလှော်တမံမှ စိုက်ပျိုးရေများပေးဝေ

မတ္တရာ    ဖေဖော်ဝါရီ ၂၅


မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း၌ ရေများနည်းပါးလျက်ရှိ သည်။ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၆ နာရီ၌ ဆည်တော်ကြီးတမံကန်တွင်း ရေအမှတ်မှာ (၄၁၄ ဒသမ ၄) ပေသို့ ရောက်ရှိနေသည်။ ကန်တွင်းရေအနက်မှာ ၁၁၆ ဒသမ ၄ ပေဖြစ်ပြီး ရေပမာဏ ၃၂၆၆၀၀ ဧကပေ သိုလှောင်ထားသည်။ ရေအားလျှပ်စစ်စက်ရုံအမှတ် (၁) မှ ၆ ဒသမ ၃ မဂ္ဂါဝပ်နှင့် စက်ရုံအမှတ် (၂) မှ ၅ ဒသမ ၉ မဂ္ဂါဝပ်လျှပ်စစ်ထုတ်လုပ်ပေးလျက်ရှိပြီး စိုက်ပျိုးရေးအတွက် မန္တလေးတူးမြောင်းရေ ၈ ဒသမ ၀ ပေနှင့် ရေနံ့သာတူးမြောင်းတို့မှ ၆ ဒသမ ၀ ပေဖြင့် မတ္တရာ၊ ပုသိမ်ကြီးမြို့နယ်များသို့ စိုက်ပျိုးရေများ ပေးဝေလျက်ရှိ သည်။ ဆည်တော်ကြီး ရေလှောင်တမံကန်ရေပြည့်မှတ် (၄၁၉ ဒသမ ၅) ပေ၊ ရေလှောင်ပမာဏမှာ ၃၆၃၀၀၀ ဧကပေဖြစ်ကြောင်း သိရသည်။


မောင်ပြည်သူ (မန္တလေး)






အခြားဆက်စပ်သတင်းများ