နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းရှူးမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

မိုင်းရှူး ဖေဖော်ဝါရီ ၂၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်းရှိ ခိုစုံကျေးရွာနှင့် ဖာယကျေးရွာ နှစ်ရွာတွင် သောက်သုံးရေဖူလုံစေရေးအတွက်  စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအား မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီး မှူး နှင့် ဝန်ထမ်းများမှ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၀နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းရှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမင်းဦးနှင့် ဝန်ထမ်းများက ကျေးရွာရေရရှိရေး ကော်မတီဝင်များနှင့်အတူလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေအား ကြည့်ရှု့စစ်ဆေးရာ ကုမ္ပဏီမှ ခိုစုံကျေးရွာတွင် သောက်သုံးရေဖူလုံစေရေးအတွက်အရှည်ပေ ၄၀၀၀ ရှိစိမ့်စမ်းရေပိုက်လိုင်း(အမြင့်တင်)သွယ်တန်းခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ရေတားတမံတည်ဆောက်ခြင်းလုပ်ငန်းနှင့် ဖာယကျေးရွာတွင် အနက်ပေ ၄၀၀ ရှိအဝီစိစက်ရေတွင်းတူးဖော်ခြင်း၊ ဂါလန် ၂၀၀၀ ဆံ့ရေစုကန်တည်ဆောက်ခြင်း၊ အရှည်ပေ ၆၀၀၀ ရှိရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၃၆ ဒသမ ၁၁၄ သန်းဖြင့်တင်ဒါအောင်မြင်သော M.T.D.H ကုမ္ပဏီမှ ယခုနှစ်ဇန်နဝါရီလအတွင်းကစတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ယခုအချိန်တွင် ၉၅ရာခိုင်နှုန်းအထိဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ လုပ်ငန်းများအားလုံးရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၁၄၀မှ လူဦးရေ ၇၆၉ ဦးတို့၏ သောက်သုံးရေဖူလုံစေရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။                                                                                                            

 ငြိမ်းသူ






အခြားဆက်စပ်သတင်းများ