နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုင်းယောင်းတွင် ရွှေပဲရွက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုင်းယောင်း၊  ဖေဖော်ဝါရီ ၁၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် တောင်သူ တို့ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ရွှေပဲရွက် စိုက်ခင်းများမှာ ရှင်သန်ပြီး ဝေဝေဆာဆာရှိနေကြသည်ကို တွေ့ရသည်။

မိုင်းယောင်းမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ ရွှေပဲရွက်ကို မိသားစု အပိုဝင်ငွေ ရရှိစေရေးအတွက် အဓိကထားစိုက်ပျိုးကြသည်။  ရွှေပဲရွက်ကို တန်ဆောင်မုန်းလတွင် စတင်စိုက်ပျိုးကြပြီး နတ်တော်လ၊ ပြာသိုလ၊ တပို့တွဲလတို့တွင် အများဆုံး စိုက်ပျိုးကြသည်။ ရရှိသည့် ရွှေပဲရွက်များကို ဈေး၊ ခေါက်ဆွဲဆိုင်များသို့ သွားရောက် ရောင်းချကြသည်။

“ကျွန်တော်တို့ တောင်သူတွေက ရွှေပဲရွက်ကို အဓိကအားထား စိုက်ပျိုးကြရတာက မိသားစု အပိုဝင်ငွေ ရရှိစေရေးနဲ့ မီးဖိုချောင်အသုံးစရိတ်ကို ကာမိအောင် စိုက်ကြတာပါ။ ရွှေပဲရွက် ပေါ်ချိန်မှာ တစ်ပုံလျှင် ငွေကျပ် ၁၀၀ ရပါတယ်။ တချို့လည်း ခြံထဲအထိ လာရောက်ဝယ်ယူတာတွေလဲ ရှိပါတယ်”ဟု တောင်သူကြီးတစ်ဦးက ပြောပြသည်။

ရွှေပဲရွက်ကို ရှမ်းခေါက်ဆွဲ၊ ဟင်းရည်၊ တို့စရာ၊ ခေါက်ဆွဲနွဲ့တို့တွင် မိမိကြိုက်နှစ်သက်သလို အမျိုးမျိုး အလွယ်တကူ ပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း






အခြားဆက်စပ်သတင်းများ