နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်းစိန်ထောင်မှ အကျဉ်းသား၊ အကျဉ်းသူ(၁၀၅၄)ဦး လွတ်ငြိမ်း သက်သာခွင့်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်မှ လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ အကျဉ်းသား၊အကျဉ်းသူ စုစုပေါင်း(၁၀၅၄)ဦးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း သိရသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ                       အုပ်ချုပ်ရေးကောင်စီမှထုတ်ပြန်သော လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ လွတ်မြောက်မည့် အကျဉ်းသား(၈၈၇)ဦးနှင့်အကျဉ်းသူ(၁၆၇)ဦး စုစုပေါင်း(၁၀၅၄)ဦးတို့ကို တာဝန်ရှိသူများက ဆုံမဩဝါဒစကားများ ပြောကြားပြီး ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ(၁၂)ရက်စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အ မိန့်ထုတ်ပြန် ကာ အကျဉ်းထောင်၊အချုပ်ထောင်စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား၊ အကျဉ်းသူ (၂၃၃၁၄)ဦး အနက် အင်းစိန်ထောင်မှ အကျဉ်းသား၊အကျဉ်းသူ(၁၀၅၄)ဦး ပါဝင်ကြောင်း သိရသည်။


ထက်ဦးယံ






အခြားဆက်စပ်သတင်းများ