နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့၌ YBS ယာဉ်လိုင်းအနည်းငယ်သာ ပြေးဆွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရန်ကုန်မြို့၌ပြေးဆွဲပေးလျက်ရှိသည့် YBS ယာဉ်လိုင်းများ အနည်းငယ်သာပြေးဆွဲပေးလျက်ရှိသည်ကို ဖေဖော်ဝါရီ ၁၄ရက်၊ နံနက် ၈နာရီခန့်က တာမွေမြို့နယ် ဗလီထိပ်ဝန်းကျင်၌တွေ့မြင်ရသည်။ CNG ဓာတ်ငွေ့အရောင်းဆိုင်တွေ အတော်များများ ပိတ်ထားတာကြောင့် CNG အခက်အခဲဖြစ်တာကြောင့် YBSအစီးရေ နည်းပါးသွားတာပါဟု ရွှေပြည်သာနှင့်ဗိုလ်တထောင်သို့ပြေးဆွဲသည့် YBS ၆၅ ယာဉ်မောင်း တစ်ဉီးမှပြောသည်။ မနေ့က ၁၃ရက်မှာတော့ ၈၁၊ ၁၁၊ ၈၅၊ ၆၅၊ ၆၂၊ ၅၉၊ ၅၇၊ ၉၊ ၁၆၊ ၁၅၊ ၂၁၊ ၂၆၊ ၆၈ စသည့် ပုဂ္ဂလိကပိုင် ကားတွေ ထွက်တာတွေ့တယ် ယာဉ်စီးခပိုတောင်းတာတွေ့ရတယ်၊ စပယ်ယာလိုက်ပါတာကိုလည်းတွေ့ရှိရသည်ဟု ခရီးသွားတစ်ဉီးထံမှသိရှိသည်။ အရေးပေါ်အခြေအနေကြေငြာထားသော်လည်း ကျန်းမာရေး၊ လူမှုရေးနှင့် လက်လုပ်လက်စားများ အတွက် သွားလာမှုအဆင်ပြေစေရေးအလွန်အရေးကြီးသဖြင့် YBS ယာဉ်လိုင်းများပုံမှန်ပြန်လည်ပြေးဆွဲပေးစေရေး ပြည်သူများကလိုအပ်လျက်ရှိကြောင်းသိရှိရသည်။


၁၂၅






အခြားဆက်စပ်သတင်းများ