နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူး ယခင်နှစ်ကထက် ပိုများလာ

ရန်ကုန် ဧပြီ  ၂၇  

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပေါင်းလောင်းတောင်ပေါ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ယခုနှစ် ဘုရားဖူးရာသီ၏ ဧပြီ ၂၃ ရက်အထိ လာရောက်သူဦးရေသည် ငါးသိန်းကျော်ရှိခဲ့ပြီး ယခင်နှစ် ဘုရားဖူးရာသီချိန်ထက် တစ်သိန်းကျော်  ပိုမိုဝင်ရောက်ခဲ့ကြောင်း အဆိုပါစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သိရသည်။

ကျိုက်ထီးရိုး ဘုရားဖူးရာသီသည် သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့အထိ သတ်မှတ်ထားပြီး ကျိုက်ထီးရိုး ဘုရားပွဲတော် ကို နှစ်စဉ်တပို့တွဲလမှ တန်ခူးလအထိ ပုံမှန်သတ်မှတ်ထားကာ ယခင်နှစ်က ဘုရားဖူးခရီးသွား လေးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

"ဘုရားဖူးရာသီချိန် ပုံမှန်ကာလများမှာတော့  တစ်ရက်ကို ဘုရားဖူးဦးရေ ၁၀၀၀ မှ ၃၀၀၀ ခန့် လာရောက်ဖူးမြော်ကြတယ်။ သင်္ကြန်ကာလမှာတော့ တစ်ရက်ကို ဘုရားဖူးဦးရေ ၅၀၀၀ ကျော် အထိ လာရောက်ခဲ့ပါတယ်။ ယခုနှစ် ဘုရားဖူးရာသီချိန် ဧပြီ ၂၃ ရက်နေ့အထိကို ဘုရားဖူးဦးရေ  ငါးသိန်းကျော် လာရောက်ခဲ့ပါတယ်" ဟု ကျိုက်ထီးရိုးစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ဘုရားဖူးခရီးသွားများ တည်းခိုရေး၊ စားသောက်ရေးနှင့် လုံခြုံရေးများကို သက်ဆိုင်အဖွဲ့အစည်းများနှင့် စနစ်တကျ စီစဉ် ဆောင်ရွက်ထားကြောင်း  သိရသည်။

ယခင်က ကင်မွန်းစခန်းတောင်ခြေမှ ကျိုက်ထီးရိုးတောင်ပေါ်သို့ နောက်ခန်းတစ်ဦးလျှင် ကျပ် ၄၀၀၀ နှင့် ခေါင်းခန်းတစ်ဦးလျှင် ကျပ် ၅၀၀၀ သာရှိရာမှ ယခုနှစ်ဧပြီမှစတင်ပြီး နောက်ခန်းတစ်ဦးလျှင် ကျပ် ၅၀၀၀ နှင့် ခေါင်းခန်းတစ်ဦးလျှင် ကျပ် ၆၀၀၀ အထိ ဈေးတက် လာခြင်းဖြစ်သည်။                     







အောင်မြင့်ဌေး(မြို့တော်သတင်း






အခြားဆက်စပ်သတင်းများ