နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟီရိဩတ္တပတရား လက်ကိုင်ထား

ကျွန်ုပ်တို့မြန်မာလူမျိုးတို့သည် ရေ၊ မြေ၊ တော၊ တောင်မတူ သောကြောင့် တိုင်းရင်းသားလူမျိုးတစ်ခုစီ၏ ရိုးရာဓလေ့ထုံးစံမှာ အနည်းငယ်ခြားနားမှုရှိသော်လည်း တစ်အူထုံ့ဆင်းညီအစ်ကို မောင်နှမများဖြစ်၍ အမျိုးသားယဉ်ကျေးမှု အတူတူပင်ဖြစ် သည်။ မြန်မာတို့သည် အစဉ်အလာအရ ဝတ်စားဆင်ယင်ပြောဆို         ကျင့်ကြံနေထိုင်မှုအားလုံးသည် မြန်မာမှု၊ မြန်မာ့ယဉ်ကျေးမှုပင် ဖြစ်သည်။

 မျက်မှောက်ခေတ်ကြီး လျှင်မြန်တိုးတက်လာသည်နှင့်အမျှ ယဉ်ကျေးမှုများလည်း ရောထွေးကုန်ကြပြီး၊ အနောက်ယဉ်ကျေးမှု များ အရှေ့ရောက်လာကြသည်။ မည်သည့်နိုင်ငံမှ မည်သည့်ယဉ် ကျေးမှုပင် မသိနိုင်တော့။ အထူးသဖြင့် အနောက်တိုင်းဝတ်စား ဆင်ယင်မှုများ အရှေ့သို့ကူးစက်လာသည်။ ရေရှည်တွင် ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ယဉ်ကျေးမှု တိမ်ကောသွားဖွယ်ရှိသည်။ယနေ့ခေတ် ကြီးကား အပြောင်းအလဲများနှင့် တိုးတက်နေသော ကမ္ဘာကြီးဖြစ်၏။ ထိုအပြောင်းအလဲရေစီးကြောင်းအတွင်း လိုက်ပါကြသူများရှိ သကဲ့သို့ မလိုက်ပါသူများလည်းရှိ၏၊

 ယနေ့ကာလ၏ ဆန်းသစ်သည့်နည်းပညာများနှင့်အတူ တိုးတက် ပြောင်းလဲလာသည့်ကမ္ဘာကြီးကို လက်လှမ်းမီရန် မျိုးဆက်သစ် လူငယ်များကို ကောင်းမွန်စွာလေ့ကျင့်သင်ကြားပေးရန်လိုအပ်သည်။ လူငယ်များ၏ စူးစမ်းလိုစိတ်၊ တီထွင်ဖန်တီးလိုစိတ်၊ ကျိုးကြောင်း ဆီလျှော်စွာစဉ်းစား၊ ဝေဖန်ပိုင်ခြားနိုင်စိတ် မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်များ၊ ရှင်သန်ကိန်းအောင်လာစေရန် ဆောင်ရွက်ပေးရ မည်ဖြစ်သကဲ့သို့  ဥပဒေကိုသိရှိလေးစားလိုက်နာတတ်ရန်နှင့် ကျင့်ဝတ်သိက္ခာပြည့်ဝပြီး လူမှုတာဝန်များကို ကျေပွန်စွာပြုမှုနေထိုင် တတ်စေရန်လည်း သွန်သင်လမ်းပြပေးကြရမည်ဖြစ်သည်။

 ယနေ့အခြေအနေတွင် အချို့သောတေးသီချင်း ဗီဒီယိုရိုက်ကူး ထုတ်လွှင့်သူများသည် ထင်ပေါ်ကျော်ကြားမှုရရှိစေရန်အတွက် မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်ပြီး မောင်နှမသားချင်း၊ မိသားစု ဝင်ချင်းအတူတူကြည့်ရှုရန်ပင် မသင့်လျော်သော၊ ဟီရိဩတ္တပ တရားကင်းမဲ့သော တေးသီချင်း၊ ဗီဒီယိုများကို လူမှုကွန်ရက် စာမျက်နှာများတွင် ရိုက်ကူးထုတ်လွှင့်နေကြသည်။ လူမှုကွန်ရက် စာမျက်နှာများအပါအဝင် မြန်မာ့ယဉ်ကျေးမှုကို ဆန့်ကျင်သော ညစ်ညမ်းသောအပြောအဆို၊ အပြုအမှုများပါဝင်သည့် ရိုက်ကူး         ထုတ်လွှင့်ဖော်ပြမှုများနှင့်ပတ်သက်၍ ထုတ်လုပ်သူ၊ စီစဉ်ရိုက်ကူး သူ၊ သရုပ်ဆောင်သူများအား တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးထားသည်။

သို့ဖြစ်ရာ မိမိကိုယ်ကိုမိမိ မြန်မာဆိုသည်ကို မမေ့သင့်ပါ။ မိမိ ကိုယ်ကိုတန်ဖိုးထားတတ်မှု၊ စောင့်ရှောက်တတ်မှု၊ ထိန်းသိမ်း တတ်မှု၊ ကြံ့ကြံ့ခံနိုင်မှုနှင့်မြန်မာအမျိုးသား၊ အမျိုးသမီးကောင်းတို့ ဟီရိဩတ္တပတရား လက်ကိုင်ထားဆောင်ရွက်စေချင်ကြောင်း။   






အခြားဆက်စပ်သတင်းများ