နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Snapdragon 865 SoC ပါဝင်သည့် Poco F2 Pro ကို မိတ်ဆက်

မေ  ၁၃

Poco က စမတ်ဖုန်းသစ်ဖြစ်သည့် Poco F2 Pro ကို ကြေညာလာသည်။ အဆိုပါဖုန်းကို Qualcomm ၏ Snapdragon 865 SoC နှင့်ပါဝါထောက်ပံ့ထားသည်။ ဖုန်းမပူစေရန်အတွက် Liquid Cool 2.0 သုံးထား သည်။ Storage ပိုင်းအနေဖြင့် 128GB ၊ 256GB တို့နှင့် ရွေးချယ်နိုင်ပြီး UFS 3.1 Storage သုံးထားသည်။

အဆိုပါဖုန်းမှာ In-Display Fingerprint Scanner ပါဝင်သည်။ နားကြပ်ပေါက်ပါဝင်ပြီး aptX HD ထောက်ပံ့ ထားသည့် Bluetooth 5.1 ပါဝင်သည်။ ဘက်ထရီ 4700 mAh ပါဝင်ကာ 30W Fast Charging ဖြင့် အားသွင်းနိုင်မည်ဖြစ်သည်။
အဓိကကင်မရာက 64MP Sony IMX686 Sensor ဖြစ်ပြီး ကျန်ကင်မရာများက 123 ဒီဂရီ မြင်ကွင်း ကျယ်ရိုက်ကူးနိုင်သည့် 13MP ၊ 2MP Depth Sensor နှင့် 5MP Telephoto (2x Zoom) တို့ဖြစ်သည်။ ဗီဒီယိုရိုက်ကူးမှုကို 8K@30fps ဖြင့် ပြုလုပ်နိုင်ပြီး 4K@60fps ဖြင့်လည်း ပြုလုပ်နိုင်သည်။

ရှေ့ကင်မရာက 20MP ဖြစ်ပြီး Pop-Up စနစ်မှာ ထည့်သွင်းထားသည်။ မျက်နှာပြင် ၆ ဒသမ ၆၇ လက်မ Super AMOLED FHD+ ရုပ်ထွက်သုံးထားပြီး HDR10+ ထောက်ပံ့ထားသည်။ 60Hz Refresh Rate ထောက်ပံ့ထားကာ 180Hz Touch Sampling Rate လည်း သုံးနိုင်သည်။
Poco F2 Pro ၏ RAM6GB/128GB ကို ဒေါ်လာ ၅၀၀ နှင့် RAM6GB/256GB ကို ဒေါ်လာ ၆၀၀ သတ်မှတ်ထားသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ