နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်တော်ပြန် ၆ ဦးအား ရန်ကုန်ဘူတာကြီး၌ သွားရောက်ခေါ်ဆောင်ရာ ရထားဆိုက်ရောက်ချိန်တွင် ပါလာခြင်းမရှိပဲ တိမ်းရှောင်သွားရာ ဧရာဝတီတိုင်းဒေသကြီး မယ်ဇလီစစ်ဆေးရေးဂိတ်၌ ပြန်လည်တွေ့ရှိ

အိမ်မဲ မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အ-ထ-က (၁) ကျောင်း Facility Quarantine Camp တွင် ထားရှိမည့် တရုတ်နိုင်ငံ ဝမ်တိန်မြို့မှ ပြန်လာမည့်နေရပ်ပြန် ၆ ဦးအား မြို့နယ်ကျန်းမာရေးအထောက် အကူပြု ကော်မတီက တာဝန်ရှိသူများက ရန်ကုန်ဘူတာကြီး၌ သွားရောက်ခေါ်ဆောင်ရာ ရထားဆိုက်ရောက် ချိန်တွင် ပါလာခြင်းမရှိပဲ တိမ်းရှောင်သွားရာ ဧရာဝတီတိုင်းဒေသကြီး မယ်ဇလီစစ်ဆေးရေးဂိတ်၌ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ခြောက်ဦးမှာ အိမ်မဲမြို့နယ် ကွင်းယားတံခွန်တိုင်အုပ်စုမှ ဦးသိန်းလှိုင်၊ ဦးသိန်းဇော်၊ ဦးအောင်ကျော်မင်းဦး၊ ဦးကျော်နိုင်၊ ဦးဝေလင်းထက်၊ ဦးရန်ပိုင်ထွေးတို့ဖြစ်ကြပြီး အဆိုပါနေရပ်ပြန်များမှာ အိမ်မဲမြို့ အ-ထ-က (၁) Facility Quarantine Camp တွင် ၂၁ ရက် နေရမည်ဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ