နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငရုတ်သီးစိမ်းများအားတရုတ်ဝယ်လက်အဝယ်သွက်နေသဖြင့် ဈေးနှုန်းမြင့်တက်

ပုသိမ် ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီးမှ ငရုတ်သီးစိမ်းများကို တရုတ်ဝယ်လက် အဝယ်သွက်နေသဖြင့် ဈေးနှုန်းများ မြင့်တက်လာကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ငရုတ်သီးကို ဧရာဝတီတိုင်းဒေသကြီးမအူပင်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ရွှေလောင်း၊ အိမ်မဲ၊ ပန်းတနော် စသည့်မြို့နယ်ဒေသများ၌ အများအပြားစိုက်ပျိုးကြပြီး မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင်လည်းအများအပြားစိုက်ပျိုးလျက်ရှိသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသောငရုတ်သီးများကိုတရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ပြီး လက်ရှိတွင် ထိုင်းနိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ငရုတ်များအလုံးအရင်းနှင့်ဝင်ရောက်နေသဖြင့် ထိုင်းနိုင်ငံမှ ဝယ်ယူမှုလျော့နည်း သွားခဲ့သည်။
သို့သော်ထိုင်းနိုင်ငံကငရုတ်ဝယ်ယူမှုလျော့ကျသွားခဲ့သော်လည်း တရုတ်နိုင်ငံကဝယ်ယူမှုမြင့်တက်လျက် ရှိကြောင်းသိရသည်။

ထို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် ဇန်နဝါရီလအတွင်းက ငရုတ်သီးစိမ်းအရည်အသွေးအလိုက် တစ်ပိဿာလျှင် ငွေကျပ် ၉၀၀ မှ ၁၅၀၀ ထိသာပေါက်ဈေးရှိခဲ့သော်လည်း ယခုဖေဖော်ဝါရီလဆန်းပိုင်းတွင် ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ငွေကျပ် ၂၆၀၀ ခန့်ထိဈေးနှုန်းများမြင့်တက်လာခဲ့ကြောင်းသိရသည်။  

(သူရိန်)






အခြားဆက်စပ်သတင်းများ