နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
NHS အတွက် ရန်ပုံငွေ ပေါင် ၃၃ သန်း ရှာဖွေပေးခဲ့သည့် အသက် ၁၀၀ အရွယ် အဘိုးအို ကိုဗစ်ကြောင့် ကွယ်လွန်

လန်ဒန်   ဖေဖော်ဝါရီ       ၃


နေအိမ်ပန်းခြံအတွင်း အပတ် ၁၀၀ လမ်းလျှောက်ပြီး ဗြိတိန်အမျိုးသားကျန်းမာရေးဌာန NHS အတွက် ရန်ပုံငွေ ပေါင် ၃၃ သန်း ရှာဖွေပေးခဲ့သည့် ဗိုလ်မှူး (ငြိမ်း) ဆာတွမ်မိုးမှာ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်သွားခဲ့သည်။ ဆာတွမ်မိုးမှာ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဘက်ဖို့ဒ်ဆေးရုံသို့ တက်ရောက်ကုသမှုခံယူခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိပြီဖြစ်သည်။


ဗြိတိန်တစ်နိုင်ငံလုံးနှင့် အခြားနိုင်ငံများအတွက် လေးစားအားကျအတုယူစရာ ဖြစ်စေခဲ့သည့် ဗိုလ်မှူး ဆာတွမ်မိုးကို ဗြိတိန်ဘုရင်မကြီးက ဝမ်းနည်းခြင်းအထိမ်းအမှတ် ဂုဏ်ပြုခဲ့သည်။ ဆာတွမ်မိုးမှာ အဆုတ်ရောင် ရောဂါကြောင့် ဆေးသောက်နေရသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ခြင်းမရှိကြောင်း ယင်း၏ မိသားစုက ပြောသည်။


ဆာတွမ်မိုးမှာ ဗြိတိန်နိုင်ငံသားများ၏ စိတ်ဓာတ်ကို မြင့်မားစေခဲ့ပြီး   ''မနက်ဖြန်က သာယာလှပတဲ့နေ့ ဖြစ်လာမှာပါ''ဆိုသည့် ယင်း၏စကားမှာလည်း လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားခဲ့သည်။           


KNT






အခြားဆက်စပ်သတင်းများ