နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တန်းမြို့နယ် ရွှေပျောက်ကျေးရွာအုပ်စု ဆေးဘိုဝကျေးရွာတွင် မြစိမ်းရောင် အရင်းမပျောက်စီမံကိန်းလည်ပတ်ရန်ပုံငွေများ အိမ်တိုင်ရာရောက်လိုက်လံပေးအပ်

ကျောက်တန်း    မေ    ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်း၊ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းများ နှင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစု ဝင်ငွေများတိုးပွားလာစေရေးအတွက် မြစိမ်းရောင်အရင်းမပျောက် စီမံကိန်းလည်ပတ်ရန်ပုံငွေများကို မြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများအား ထုတ်ချေးပေးလျက်ရှိပြီး အရင်းမပျောက်စီမံကိန်းလည်ပတ်ရန်ပုံငွေများ ပေးအပ်ရာတွင်လည်း လတ်တလောဖြစ်ပွားနေသည့် COVID-19 ကူးစက်ရောဂါကြောင့် လူစုလူဝေးများ မဖြစ်ပေါ်စေရေး မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်လျက် ရှိကြောင်း တွေ့ရစဉ်။                                        

ခင်ဆွေဝင်း(ကျောက်တန်း)






အခြားဆက်စပ်သတင်းများ