နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပါလက်စတိုင်းဒေသရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အစ္စရေးနိုင်ငံက ကာကွယ်ဆေးအဖုံ ၅၀၀၀ ပေးပို့

ဖေဖော်ဝါရီ ၁၊ ဂျေရုစလင်


ပါလက်စတိုင်းဒေသရှိ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အဖုံရေ ၅၀၀၀ ပို့ဆောင်ပေးခဲ့ကြောင်း အစ္စရေးနိုင်ငံက ပြောသည်။ အစ္စရေးနိုင်ငံမှာ ကမ္ဘာပေါ်တွင် အမြန်ဆန်ဆုံး ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော် သိမ်းပိုက်ခံ အနောက်ကမ်းပါးနှင့် ဂါဇာကမ်းမြှောင်ဒေသရှိ ပါလက်စတိုင်းဒေသခံများမှာ ကာကွယ်ဆေး လုံးဝထိုးနှံရခြင်း မရှိသေးပေ။


အနောက်ကမ်းပါးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အစ္စရေးနိုင်ငံတွင် တာဝန်ရှိသည်ဟု ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်များက ပြောသည်။ သို့သော် သဘောတူညီထားသည့် လုပ်ထုံးလုပ်နည်းများတွင် ကာကွယ်ဆေး ထိုးနှံပေးမည့်ကိစ္စ မပါဝင်ကြောင်း၊ ပါလက်စတိုင်းအရာရှိများထံမှ ပန်ကြားမှုတစ်ခုမျှ ရရှိမထားကြောင်း အစ္စရေးနိုင်ငံက ပြောခဲ့သည်။ အစ္စရေးနိုင်ငံက ပါလက်စတိုင်းဒေသအတွက် ကာကွယ်ဆေး အဖုံရေ ၅၀၀၀ ပေးပို့ခဲ့ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။


အစ္စရေးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၄၀၀၀၀ နီးပါးရှိပြီး လူ ၄၇၀၀ ကျော် သေဆုံးခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်များတွင် ဖော်ပြထားသည်။ အနောက်ကမ်းပါးနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ရောဂါကူးစက်ခံရသူ ၁၆၀၀၀၀ နီးပါးရှိပြီး လူ ၁၈၃၃ ယောက် သေဆုံးခဲ့သည်။ အစ္စရေးနိုင်ငံတွင် ကာကွယ်ဆေး ၂ ကြိမ်လုံး ထိုးနှံပြီးသူ ၁ ဒသမ ၇ သန်း  (လူဦးရေ၏ ၂၀ ရာခိုင်နှုန်း)ရှိပြီး ကာကွယ်ဆေး  တစ်ကြိမ်ထိုးနှံပြီးသူ ၃ သန်းကျော် ရှိသည်။                                                     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ