နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအေအီးနိုင်ငံအကျိုး သယ်ပိုးပေးနိုင်မည့် နိုင်ငံခြားသားများကို နိုင်ငံသားခံယူခွင့်ပေးအပ်မည်

အဘူဒါဘီ  ဇန်နဝါရီ  ၃၁


ယူအေအီးနိုင်ငံအကျိုး သယ်ပိုးပေးနိုင်မည့် နိုင်ငံခြားသားများကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံသားခံယူခွင့်ပေးအပ်သွားမည်ဟု ယူအေအီးအစိုးရက ပြောသည်။ ယူအေအီးနိုင်ငံတွင် နိုင်ငံသားခံယူခွင့် လျှောက်ထားနိုင်သူများစာရင်း၌ ရင်းနှီးမြှုပ်နှံသူများ၊ အထူးပြုကဏ္ဍတစ်ခု၏ ပါရမီရှင်များ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ အနုပညာရှင်များ ပါဝင်ကြောင်း ယူအေအီး ဒုတိယသမ္မတနှင့် ဒူဘိုင်းစော်ဘွား အယ်မက်တွမ်က ပြောသည်။ 

ယူအေအီးနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများနှင့် ယင်းတို့၏မိသားစုဝင်များအနေဖြင့် နှစ်နိုင်ငံသား ခံယူခွင့်ရှိသည်ဟု ယင်းက ဆိုသည်။ သို့သော် နိုင်ငံသားလျှောက်ထားခွင့်ရရန် တင်းကျပ်သည့် စည်းမျဉ်းများ ချမှတ်ထားရာ ဝင်ငွေနည်းသည့်လုပ်သားများအနေဖြင့် လျှောက်ထားခွင့်ရဖွယ်မရှိပေ။ 

ယူအေအီးနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးခရီးစဉ်ကို ပံ့ပိုးပေးနိုင်စွမ်းရှိသူများကို ဆွဲဆောင်နိုင်ရန်ရည်ရွယ်ပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း အယ်မက်တွမ်က ပြောသည်။ နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသူများကို ယူအေအီးတော်ဝင်မိသားစု သို့မဟုတ် အရာရှိများက ဆန်ခါတင်စာရင်း ရွေးချယ်မည်ဖြစ်ပြီး ယင်းတို့ကို အတည်ပြုသင့်၊ မပြုသင့်ဆိုခြင်းကို ယူအေအီးအစိုးရဝန်ကြီးအဖွဲ့က ဆုံးဖြတ်မည် ဖြစ်သည်။


(KNT)






အခြားဆက်စပ်သတင်းများ