နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိခင်၏အလောင်းကို ၁၀ နှစ်ကြာ သိမ်းထားခြင်းကြောင့် ဂျပန်အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့ ဖမ်းဆီး

တိုကျို  ဇန်နဝါရီ  ၃၁


တိုက်ခန်းအတွင်းရှိ ရေခဲပုံးအတွင်း မိခင်၏အလောင်းကိုသိမ်းထားကြောင်း တွေ့ရပြီးနောက် ဂျပန် ရဲတပ်ဖွဲ့က အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ လွန်ခဲ့သည့် ၁၀ နှစ်တွင် မိခင်ဖြစ်သူ ကွယ်လွန် သွားခဲ့ပြီးနောက် မခွဲနိုင်သည့်အတွက် သားအမိနှစ်ဦးအတူနေသည့် တိုကျိုမြို့နေအိမ်တွင် ဝှက်ထားခြင်း ဖြစ်ကြောင်း အသက် ၄၈ နှစ်ရှိသည့် ယိုရှီနိုက ပြောသည်။ 

အေးခဲနေသည့် ရုပ်အလောင်းတွင် ထိခိုက်ဒဏ်ရာတစ်ခုခုရခဲ့ခြင်းမတွေ့ရကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ယိုရှီနို၏ မိခင်ဖြစ်သူသေဆုံးရသည့်အကြောင်းရင်းနှင့် သေဆုံးချိန်ကို ဆုံးဖြတ်နိုင်ခြင်းမရှိဟု အာဏာပိုင်များက ပြောသည်။ 

ယိုရှီနိုအနေဖြင့် အိမ်ငှားခမပေးနိုင်ခြင်းကြောင့် အိမ်ပြင်ထွက်နေရချိန်တွင် ရုပ်အလောင်းကို သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့ခြင်းဟု သတင်းများက ဖော်ပြသည်။ ရေခဲပုံးအတွင်း ဝင်ဆံအောင် ရုပ်အလောင်းကို ဒူးကွေး၍ ထည့်ထားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ယိုရှီနိုမှာ ပြီးခဲ့သည့်သောကြာနေ့က တိုကျိုမြို့အနီးရှိ ချီဘာမြို့ဟိုတယ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။                                                 

(KNT)






အခြားဆက်စပ်သတင်းများ