နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတဂျိုးဘိုင်ဒင်အစိုးရက ပါလက်စတိုင်းအတွက် အထောက်အပံ့များ ပြန်လည်ပေးအပ်မည်

ဝါရှင်တန်  ဇန်နဝါရီ  ၂၈


ဒေါ်နယ်ထရမ့်လက်ထက်တွင် ဖြတ်တောက်ခဲ့သည့် ပါလက်စတိုင်းဒေသအတွက် အထောက်အပံ့များကို သမ္မတဂျိုးဘိုင်ဒင်အစိုးရက ပြန်လည်ဖြည့်တင်းပေးပြီး သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်မည်ဟု ဆိုသည်။ အစ္စရေး - ပါလက်စတိုင်းပဋိပက္ခတွင် နှစ်နိုင်ငံတည်ထောင်ရေးအဖြေကို ဂျိုးဘိုင်ဒင်က ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ယာယီသံအမတ် ရစ်ချက်မေးလ်က ကုလသမဂ္ဂလုံခြုံရေး ကောင်စီသို့ ပြောသည်။


အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင်တိုးတက်မှုရရှိအောင် ကူညီရန်အတွက် အမေရိကန်နိုင်ငံက ယုံကြည်စိတ်ချရသည့် စေ့စပ်ညှိနှိုင်းမှု ပြန်လည်ပုံဖော်သွားမည်ဟု ရစ်ချက်မေးလ်က ဆိုသည်။


ဒေါ်နယ်ထရမ့်၏ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးအစီအစဉ်မှာ အစ္စရေးနိုင်ငံကို ဘက်လိုက်သည်ဟုဆိုကာ ပါလက်စတိုင်းအာဏာပိုင်များကပယ်ချခဲ့ပြီး အမေရိကန်အစိုးရနှင့် အဆက်အသွယ်ဖြတ်တောက်ခဲ့သည်။ လွန်ခဲ့သည့်တစ်နှစ်က ထုတ်ဖော်မိတ်ဆက်ခဲ့သည့် အဆိုပါအစီအစဉ်အရ သိမ်းပိုက်ခံအနောက်ကမ်းပါးနှင့် ဂျော်ဒန်တောင်ကြားရှိ ဂျူးအခြေစိုက်စခန်းများအပေါ် အစ္စရေးနိုင်ငံ၏ အချုပ်အခြာအာဏာသက်ရောက်မှုကို အတည်ပြုပေးခဲ့ပြီး ဂျေရုစလင်မှာ အစ္စရေးနိုင်ငံ၏ ခွဲခြမ်းမရသည့်မြို့တော်ဟု သတ်မှတ်ခဲ့သည်။


သို့သော် အနောက်ကမ်းပါး၏ ပိုင်နက် ၇၀ ရာခိုင်နှုန်းကိုအခြေပြုကာ အရှေ့ဂျေရုစလင် ဘေးပတ်လည် ဒေသများကို မြို့တော်အဖြစ်သတ်မှတ်ပြီး ပါလက်စတိုင်းနိုင်ငံတည်ထောင်ရန်အဆိုပြုခဲ့သည်။             (KNT)






အခြားဆက်စပ်သတင်းများ