နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ညောင်ဦးမြို့နယ် ပြောင်းဖူးစိုက်တောင်သူများ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဈေးအကောင်းဆုံးဖြင့် ရောင်းချ

ညောင်ဦး၊ ဇန်နဝါရီ ၂၄


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ သူကောင်းတည်ကျေးရွာအုပ်စု၊ လက်ပံခြေပေါ်အုပ်စုနှင့်  သစ်ထောင့်ကျွန်းကျေးရွာအုပ်စုရှိကျေးရွာများသည် ညောင်ဦး-ပခုက္ကူ-မြင်းခြံသွား ကားလမ်းမကြီးဘေး                ဝဲ/ယာတွင် တည်ရှိကာ ဒေသခံကျေးရွာများရှိတောင်သူများသည် လယ် ၊ ယာ ၊ ကိုင်း၊ ကျွန်း ၊  ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး ပြောင်းဖူးစိုက်ပျိုးခြင်းအား တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချခြင်း ဖြင့် ဝင်ငွေကောင်းနေကြကြောင်း ပြောင်းဖူးစိုက်တောင်သူ ဦးဝင်းတင့်ထံမှ သိရသည်။

အဆိုပါကျေးရွာအုပ်စုများရှိ ကျေးလက်တောင်သူများသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများသာ စိုက်ပျိုး ကြကာ တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြကြောင်း၊  မြစ်ရေတင်၍ စိုက်ပျိုးကြသည့်တောင်သူများ ရှိသလို၊ မြေအောက်ရေတွင်းတူးကာ ရေစုပ်စက်ဖြင့်တင်၍ရေးသွင်း စိုက်ပျိုးကြသည့်တောင်သူများလည်း ရှိကြောင်း၊  သကြားပြောင်းဖူးနှင့် အစီး(စေး)ပြောင်းဖူး နှစ်မျိုးသာ အများဆုံးစိုက်ပျိုးကြပြီး ကြက်တမော့ပြောင်းဖူး လည်း စိုက်ပျိုးကြကြောင်းသိရသည်။ ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင် ပုံထားကာ လမ်းသွား၊ လမ်းလာကားများမှ ဆင်းဝယ်၍ ရောင်းချရသလို၊ မြင်းခြံ ၊ညောင်ဦး၊ ပခုက္ကူ၊ ပုဂံ၊ ကျောက်ပန်းတောင်းပွဲစားများမှ လာရောက်ဝယ်ယူကြသလို၊ပလင်းကမ်းသာယာဆင်စခန်းမှလည်းဆင်စာ အတွက်အမြဲဝယ်ယူနေကြောင်း၊ ရန်ကုန်၊ မန္တလေးပြောင်းဖူးပွဲစားများလာရောက်ဝယ်ယူရာတွင် ကားဖြင့် လာရောက်ဝယ်ယူလျှင် ပြောင်းဖူး တစ်သောင်းမှ သုံးသောင်းထိ အဖူးရေဖြင့် ရောင်းချရကာ ယခုနှစ်တွင် ပြောင်းဖူးဈေးကောင်းနေကြောင်း ယခင်နှစ်များတွင် ပြောင်းဖူး ဆယ်ဖူးဈေး ၁၂၀၀ ကျပ်ရှိရာမှ ယခုအခါ ဆယ်ဖူးဈေး ၂၀၀၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း ပြောင်းဖူးအား ကိုယ်တိုင်စိုက်ပျိုးသလို ပြောင်းဖူးပွဲစား ပါလုပ်နေသည့် ဦးဝင်းတင်က ရှင်းပြသည်။

မိုးရာသီတွင် ပြောင်းဖူးစိုက်လျှင် ရက် ၉၀ ဖြင့် ပြောင်းဖူးရရှိကာ နွေရာသီစိုက်ပျိုးချိန်တွင် ၇၅ ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်းသိရသည်။ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုရှိ ကျေးရွာများ၊ သူကောင်းတည် အုပ်စုရှိကျေးရွာများ ၊ သစ်ထောင့်ကျွန်းအုပ်စုရှိ ပြောင်းဖူးစိုက် တောင်သူများသည် ပြောင်းဖူးဈေးကွက် တစ်နှစ် ပတ်လုံးကောင်းမွန်ခြင်းကြောင့် တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးကြခြင်းဖြင့် ပြောင်းဖူးစိုက်တောင်သူများ စီးပွားရေးအဆင်ပြေကာ ကိုဗစ်-၁၉ ရောဂါကာလ ပြောင်းဖူးဈေးနှုန်း အကောင်းဆုံးဖြင့်ရောင်းချနေရ ကြောင်းလည်း သိရသည်။


ကိုထိန်၊KPD






အခြားဆက်စပ်သတင်းများ