နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆောင်းသီးနှံ ပဲတီစိမ်း GAP စိုက်ပျိုးစနစ်ဖြင့် အောင်မြင်နေမှုများအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်၊ ဇန်နဝါရီ ၂၄


 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူ များသည် ရန်ကုန်တောင်ပိုင်းအတွင်း ဆောင်းသီးနှံ ပဲတီစိမ်း GAP စိုက်ပျိုးစနစ်ဖြင့် အောင်မြင်နေမှုများအား ဇန်နဝါရီ ၂၂ ရက်၊ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းထွန်းဝင်းသည် တိုးမျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းတင့်၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ခင်ပြုံး၊  ခရိုင်မြေအသုံးချတာဝန်ခံ ဒေါ်ဆွေဆွေမြင့်တို့နှင့်အတူ ခရမ်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဌေးမောင်နှင့် မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများအား ခရမ်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံကာ ၂၀၂၀- ၂၀၂၁ ခုနှစ်အတွင်း ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ရာသီတွင် ခရမ်းမြို့နယ်အတွင်းရှိ  ကျေးရွာ ၂၂  ရွာမှ ပဲစိုက်တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ၊ GAP စိုက်ပျိုးနည်းအား စနစ်တကျ လိုက်နာကျင့်သုံးနိုင်စေရေး တွေ့ဆုံလမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။

    ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးဆန်းထွန်းဝင်းနှင့် တာဝန်ရှိသူများသည် ခရမ်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဌေးမောင်နှင့် စိုက်ပျိုးရေးဝန်ထမ်းများနှင့်အတူ  ခရမ်းမြို့နယ် ကျုံးကျုံးကျကျေးရွာရှိ GAP စနစ်ဖြင့် ပဲတီစိမ်း ဧက ၂၀ဝ စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေးကာ သုံးခွမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မြင့်အောင်နှင့်အတူ သုံးခွမြို့နယ် ပတုပ်ရှေ့တန်းစခန်း အဆောက်အဦသို့ ဝင်ရောက်စစ်ဆေးခဲ့ပြီး သိုက်တူးကန်စံပြကျေးရွာရှိ ပဲတီစိမ်း မျိုးစေ့ထုတ်စိုက်ခင်း ၁၆ ဧက အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို စိုက်ပျိုးရေးတာဝန်ရှိသူများ၊ ပဲစိုက်တောင်သူများနှင့် တွေ့ဆုံဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)






အခြားဆက်စပ်သတင်းများ