နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမီးနှစ်ယောက်မွေးနေ့အမှတ်တရ စာကြည့်ဆောက်လုပ်လှူဒါန်းပေးခဲ့သည့် အဆိုတော်လင်းလင်းနှင့်ချစ်သုဝေ

ရန်ကုန် ဇန်နဝါရီ ၂၃


အဆိုတော်လင်းလင်းက သမီးနှစ်ယောက်မွေးနေ့အမှတ်တရကုသိုလ်အဖြစ် စာကြည့်တိုက်များ လှူဒါန်းသွားမည် ဖြစ်ကြောင်းကို  ယင်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောပြထားသည်။ အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့၏ အမြွှာသမီးလေးများဖြစ်ကြသည့် ခေတ်နှင့်သစ်တို့ ညီအစ်မက ယခုဇန်နဝါရီ ၁၉ ရက်တွင် အသက် ၄ နှစ်ပြည့်သွားခဲ့ကြပြီဖြစ်သည်။ သမီးနှစ်ယောက်မွေးနေ့ရောက်တိုင်း အဆိုတော်လင်းလင်းတို့ ဇနီးမောင်နှံက အလှူအတန်းများ ပြုလုပ်ပေးနေလျက်ရှိပြီး ယခုအသက် ၄နှစ် ပြည့်မွေးနေ့အလှူအဖြစ် စာကြည့်တိုက်ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း " ဖြစ်ချင်နေတဲ့ဆန္ဒပြည့်ဖို့ ကြိုးစားပေးတဲ့ CLEAN YANGON ရဲ့ခေါင်းဆောင်ကို ဇေယျာရေ ကျေးဇူးပါ။ နိုင်ငံရဲ့ကျေးလတ်ဒေသတွေမှာ သမီးလေးတွေမွေးနေ့တိုင်း တစ်နှစ်တစ်ခါ စာကြည့်တိုက်လှူဖို့ ကြိုးစားနေတာတော့ကြာပါပြီ။ ယခု ၄ နှစ် ပြည့်မွေးနေ့ကစပြီး အကောင်အထည်ဖော်မယ့် စိတ်ကူးပေါ့။ ဒီနေ့မနက်မှ နေရာလေးတစ်ခု အတည်ပြု ရွေးချယ်ဖြစ်တယ်။ မန္တလေးတိုင်း ပုဂံမြို့သစ်အနောက်ဘက်ကမ်းက ကျွန်းရွာလေးမှာ စာကြည့်တိုက် လေးကို မကြာခင်ဆောက်ပါမယ်။ သမီးတွေမွေးနေ့တိုင်း တစ်နှစ်တစ်ခါ စာကြည့်တိုက်လှူနိုင်ဖို့လည်း ကြိုးစားပြင်ဆင်သွားမယ်" ဟုဆိုပြီး  ယင်း၏ဖေ့စ်ဘွတ်တွင် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

အဆိုတော်လင်းလင်းနှင့် ချစ်သုဝေတို့က သမီးနှစ်ယောက်၏အမည်ဖြင့်လည်း  “ ခေတ်သစ် ဖောင်ဒေးရှင်း”  ကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က စတင်တည်ထောင်ခဲ့ပြီး အဆိုပါဖောင်ဒေးရှင်းမှတစ်ဆင့် မွေးရာပါနှလုံးအားနည်းသည့်ရောဂါ၊ နှလုံးဆန်ခါပေါက်ပါသည့်  ရင်သွေးငယ်များ၏ ကျန်းမာရေးကို ခွဲစိတ်ကုသပေးလျှက်ရှိသည့်အပြင် စာကြည့်တိုက် အလှူများလည်း စတင်လှူဒါန်းနေပြီ ဖြစ်သည်။ (HWY)






အခြားဆက်စပ်သတင်းများ