နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာကိုးရီးယားချစ်ကြည်ရေးတံတား(ဒလ)စီမံကိန်းနှင့် မလွတ်ကင်းသော Cable များ Diversion ပြုလုပ်ခြင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဆောင်ရွက်သွားမည်

ရန်ကုန် ဇန်နဝါရီ ၂၃


မြန်မာကိုးရီးယားချစ်ကြည်ရေးတံတား(ဒလ)စီမံကိန်းနှင့် မလွတ်ကင်းသော Cable များ Diversion ပြုလုပ်ခြင်းကို ဇန်နဝါရီ ၂၃ ရက် စနေနေ့ ည ၁၀ နာရီအချိန်မှ ဇန်နဝါရီ ၂၄ ရက် တနင်္ဂနွေနေ့ နံနက် ၆ နာရီအချိန်အထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။ 

လုပ်ငန်းဆောင်ရွက်ရာ၌ 66kV အလုံ-သီတာ(၁)၊66kVအလုံ-သီတာ(၂) ဓာတ်အားလိုင်းများကို ယာယီဓာတ်အားပိတ်၍ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း ဓာတ်အားပြတ်တောက်မှုမရှိစေရေး အတွက် 66kV သာကေတ-သီတာ(၁)၊ 66kV သာကေတ-သီတာ(၂) ဓာတ်အားလိုင်းများပေါ်မှနေ၍ ဓာတ်အားပို့လွှတ်ပေးထားမည်ဖြစ်ကြောင်း၊ လုပ်ငန်းစတင်ချိန် ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီနှင့် လုပ်ငန်းပြီးဆုံးချိန် ဇန်နဝါရီ ၂၄ ရက် နံနက် ၆ နာရီအချိန်တွင် ဓာတ်အားအဖွင့်/အပိတ်ပြုလုပ်ရန်အတွက် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ တာမွေမြို့နယ်များ၌ ခေတ္တခဏဓာတ်အားပြတ်တောက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ယင်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ဖော်ပြထားသည်။


(WP)






အခြားဆက်စပ်သတင်းများ