နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်စာကြည့်တိုက်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး Talk Show ပြုလုပ်

ရန်ကုန် ဇန်နဝါရီ ၂၃


ဇန်နဝါရီ ၂၂ ရက်နေ့၊ မွန်းတည့်၁၂ နာရီက ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကမာရွတ် စာကြည့်တိုက်တွင် "ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး Talk Show ပွဲကို အမှတ်-၃၉၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး၊ ဒုရဲမှူး ရဲထွန်းအောင် နှင့် စာရေးဆရာမ ပေါက်ပေါက်တို့က ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Talk Show ၌ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ မျက်မှောက်ကာလ မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာ၀န်များနှင့် လုပ်ဆောင်ချက်များ၊ လမ်းလျှောက်သူများ အတွက် အသိပညာပေး၊ E-bike လျှပ်စစ်စက်ဘီးနှင့် မော်တော်ဆိုင်ကယ်များအတွက် အသိပညာပေး အကြောင်းများ ၃ တန်အထက် ကုန်တင်ယာဉ်သမားများအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး စသည်တို့ကို ဆွေးနွေးကြသည်။ အဆိုပါ Talk Show အား ဇန်နဝါရီ ၂၃ ရက် စနေနေ့ ညနေ ၆ နာရီတွင် မြန်မာ့အသံ  (MRTV) မှာ ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV facebook ကို like လုပ်၍လည်း ၄င်း ထုတ်လွှင့်ပြသမည့် အစီအစဉ်ကို ကြည့်ရှုနိုင်ကြောင်း သိရသည်။                            ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ