နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ဝေးမြို့နယ်၌ လူမှုဖူလုံရေးအဖွဲ့- လင်း အထွေထွေရောဂါကုဆေးခန်းဖွင့်

နေပြည်တော် ဇန်နဝါရီ ၂၃


လူမှုဖူလုံရေးအဖွဲ့၏ ပြင်ပလူနာဝန်ဆောင်မှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းကို ပိုမိုထိရောက်ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ပုဂ္ဂလိကဆေးရုံများနှင့် သဘောတူစာချုပ် ချုပ်ဆို၍ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ လင်းဆေးခန်း၌ လူမှုဖူလုံရေးအဖွဲ့-လင်း အထွေထွေ ရောဂါကုဆေးခန်း ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပသည်။ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးနှင့် လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အကျုံးဝင်အာမခံအလုပ်ဌာနများမှ တာဝန်ခံများ၊ လူမှုဖူလုံရေးအဖွဲ့- လင်း အထွေထွေရောဂါကု ဆေးခန်းမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ဆေးခန်းကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ အဆိုပါ လူမှုဖူလုံရေးအဖွဲ့နှင့် လင်းဆေးခန်းတို့ သဘောတူစာချုပ် ချုပ်ဆို၍ ဖွင့်လှစ်ခဲ့သည့် လူမှု ဖူလုံရေးအဖွဲ့- လင်း အထွေထွေရောဂါကုဆေးခန်းတွင် လယ်ဝေးမြို့နယ် အာမခံအလုပ်ဌာန ၁၂ ခုမှ အလုပ်သမား ၁၂၅၀ ကျော် အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်မည်ဖြစ်သည်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အကျုံးဝင်မှတ်ပုံတင် အာမခံအလုပ်သမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ကို အဆင့်မြှင့်တင်ပြောင်းလဲလျက်ရှိရာ နိုင်ငံတကာတွင် ကျင့်သုံးဆောင်ရွက်လျက်ရှိသော ဝန်ဆောင်မှုပေးသူနှင့် ဝန်ဆောင်မှုဝယ်ယူသူ ခွဲခြားသည့်စနစ်ကို ရေရှည်ကျင့်သုံး ဆောင်ရွက် မည့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ကာ အကျိုးတူပူးပေါင်း သည့်စနစ်ဖြင့် ယခင်စာချုပ် ချုပ်ဆိုဆောင်ရွက်ခဲ့သော စာချုပ်ဆေးခန်း ခုနစ်ခန်း ရှိပြီး ယခုအခါ နေပြည်တော်တွင် ဆေးခန်းတစ်ခန်း၊ ရန်ကုန်မြို့တွင် ဆေးခန်းတစ်ခန်း၊ ပဲခူးမြို့တွင် ဆေးခန်းနှစ်ခန်း၊ ကလေးမြို့တွင် ဆေးခန်းတစ်ခန်း စုစုပေါင်းဆေးခန်းငါးခန်း တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ အာမခံအလုပ်သမားများ လက်လှမ်းမီသောနေရာများတွင် ဆက်လက်တိုးချဲ့ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ