နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းသစ် ဖွင့်လှစ်ဆောင်ရွက်မှုကြည့်ရှုစစ်ဆေး

မန္တလေး     ဇန်နဝါရီ       ၂၂

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနကြီးကြပ်မှုအောက်ရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းသစ်ကို မန္တလေးခရိုင်ပုသိမ်ကြီး မြို့နယ်အင်ဂျယ်ကျေးရွာတွင် ဖွင့်လှစ်ထားရှိရာ ဇန်နဝါရီ ၂၁ ရက်ညနေ  ၅နာရီက မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူးဦးဇော်မင်း ကြည့်ရှု စစ်ဆေးရာ သင်တန်းကျောင်းတာဝန်ခံကျောင်းအုပ်နှင့် တာဝန်ရှိသူများက သင်တန်းကျောင်းဝင်းအတွင်း တည်ဆောက်ပြီးစီးမှုများ၊ သင်တန်းသားများ လက်ခံစောင့်ရှောက်ထားမှု၊ နေ့စဉ်ကျွေးမွေးမှုနှင့်လေ့ကျင့်သင် ကြားပေးမှုများပြသစဉ်။    

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ