နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Huawei က MateBook X Pro 2021 ကို ကြေညာလာ

ဇန်နဝါရီ ၂၁


Huawei က တရုတ်ဈေးကွက်မှာ MateBook စီးရီးလက်တော့ပ်သစ်ဖြစ်သည့် MateBook X Pro 2021 ကို ကြေညာလာကြောင်းသိရသည်။

Huawei MateBook X Pro 2021  ကို သတ္တုကိုယ်ထည်နှင့် တည်ဆောက်ထားပြီး ပါးလျအောင် လုပ်ဆောင် ထားပြီး Gray ၊ Teal အရောင်နှစ်မျိုးဖြင့် ရွေးချယ်နိုင်မည်ဖြစ်သည်။

ရုပ်ထွက်က ၁၃ ဒသမ ၉ လက်မရှိပြီး 3K Resolution နှင့် 3:2 Asepect Ratio သုံးထားသည်။ 100% sRGB Color Gamut ထောက်ပံ့ထားသလို Screen-to Body Ratio က ၉၁ ရာခိုင်နှုန်းရှိသည်။

Touchpad သစ် သုံးထားပြီး Sensing Area လေးခုအထိ ထည့်သွင်းထားသည်။ Huawei Share Technology ထောက်ပံ့ထားသလိုစတီရီယိုစပီကာလေးလုံးအထိပါဝင်သည်။

Huawei MateBook X Pro 2021 ကို ဗားရှင်းသုံးမျိုးဖြင့် ရွေးချယ်နိုင်ပြီး Intel 11th Gen Core i7 Processor ဗားရှင်းမှာ RAM16GB နှင့် 1TB SSD ပါဝင်ကာဈေးနှုန်းအနေဖြင့် ၁၈၄၉ ဒေါ်လာသတ်မှတ်ထားသည်။ အခြေခံမော်ဒယ်မှာ 11th Gen Intel Core i5-1135G7 Chipset ၊ 16GB RAM ၊ 512GB SSD ပါဝင်ပြီး ဈေးနှုန်းအနေဖြင့် ၁၃၈၇ ဒေါ်လာသတ်မှတ်ထားကာ Core i7-1165G7 ၊ 16GB RAM ၊ 512GB  ဗားရှင်းကို ၁၅၄၁ ဒေါ်လာသတ်မှတ်ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ