နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန့်ယန်းမြို့တွင် မူးယစ်ဆေးဝါးများနှင့် ဟိုပန်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

တန့်ယန်း၊ ဇန်နဝါရီ  ၂၀


 ဇန်နဝါရီ ၁၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သောပူးပေါင်းအဖွဲ့သည် တန့်ယန်းမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဝေဠုဝန်ကျောင်းခင်းရှန်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြားနှင့် ဘိန်းစိမ်း ၀ ဒသမ၂၅ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ခင်းရှန်(၆၀)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက်၊ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ်၊ မဝမ်ကျေးရွာနေ တယ်ချန်(ခ)လောက်တား၏ တောင်ယာတဲသို့ ဝင်ရောက်ရှာဖွေရာ တဲအတွင်းရှိ ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် တယ်ချန်(ခ)လောက်တား(၃၂)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ