နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုပ်သံအနှေးပြကွက်ကြောင့် မက်ဆီရဲ့ အနီကတ်က မထိုက်တန်ဘူးဟုဆို

ဇန်နဝါရီ ၂၀


ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ပွဲစဉ်မှာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံး အနီကတ်  ပြသခြင်းခံခဲ့ရပါတယ်။ စပိန်စူပါဖလား ဗိုလ်လုပွဲ အချိန်ပို နောက်ဆုံး မိနစ်မှာ မက်ဆီဟာ ဗီယာလီဘရီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ပြီး ကွင်းလယ်ဒိုင်က VAR နဲ့ ပြန်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီးနောက် မက်ဆီကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဘီလ်ဘာအိုအသင်းဟာ ဘာစီလိုနာအသင်းကို ၉၃ မိနစ်မှာ အီနာကီ ဝီလီယံရဲ့ သွင်းဂိုးကြောင့် ၃-၂ နဲ့ အနိုင်ရရှိသွားခဲ့ပြီး စပိန်စူပါဖလားကို ကိုင်မြှောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီအနေနဲ့ ၎င်းရဲ့ ပြေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ ကြိုးပမ်းခဲ့တဲ့ ဗီယာလီဘရီကို ပြစ်မှုကျူးလွန်ခဲ့ပေမယ့် အနီကတ်နဲ့ ထိုက်တန်ရဲ့လားလို့ မေးခွန်းထုတ်စရာရှိပါတယ်။ ယင်းဖြစ်စဉ် ကို လက်ရှိအချိန်မှာ ရုပ်သံအနှေးပြကွက် ပေါ်ထွက်လာပြီဖြစ်ပြီး အမှန်တကယ်တော့ ထိတွေ့မှုအနည်းငယ်သာ ရှိခဲ့တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ မက်ဆီဟာ ဗီယာလီဘရီရဲ့ ဇက်ပိုးကို အုပ်ခဲ့တာဖြစ်ပေမယ့် မြက်ခင်းပြင်ပေါ်ကို အရုပ်ကြိုးပြတ်လဲကျပြီး လူးလှိမ့်နေရလောက်အောင် အားပြင်းခဲ့ပုံတော့ မရပါဘူး။ ပရိသတ် တွေဟာ လီယွန်နယ်မက်ဆီအနေနဲ့ အနီကတ် ပြသခံရလောက်တဲ့အထိ မဖြစ်သင့်ခဲ့ကြောင်း ခံစားခဲ့ကြပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ