နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟက်ထရစ်အခွင့်အရေးလက်လွှတ်ခံပြီး လွယ်မထားနိုင်တဲ့ကိစ္စကို ဖြေရှင်းခဲ့ရတဲ့ အူဘာမီယန်း

ဇန်နဝါရီ ၂၀


အူဘာမီယန်း ကတော့ အင်္ဂါနေ့နံနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အာဆင်နယ် အသင်းက နယူးကာဆယ် အသင်းကို ၃-၀ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက် အနိုင်ဂိုး တွေထဲက အူဘာမီယန်းက ၂ ဂိုးနဲ့ ဆာကာက ၁ ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ အူဘာမီယန်းဟာ ဒီပွဲမှာ ၂ ဂိုးသွင်းပြီး ၂ မိနစ်အကြာမှာပဲ အိမ်သာတက်ချင်လာလို့ လူစားလဲခဲ့ပြီး တာနဲ့ အဝတ်စားလဲအခန်းထဲကို ပြေးဝင်ကာ အိမ်သာပြေးတက်ခဲ့ရတယ်လို့ နည်းပြ အာတီတာက ဝန်ခံခဲ့ပါတယ်။ ''ဟုတ်တယ် အဝတ်စားလဲခန်းထဲဝင် သွားခဲ့ရပါတယ်။ အစာအိမ်ပြဿနာကိုဖြေရှင်းဖို့လိုအပ်ခဲ့တယ်”လို့ ပြုံးပြုံးကြီးဖြေဆိုသွားခဲ့ပါတယ်။ ဒီရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတဲ့ အူဘာမီယန်း အတွက်တော့ ဟက်ထရစ်ဂိုးရဖို့ အခွင့်အရေးဆုံးရှုံးခဲ့ရပါတယ်။ အာတီတာက “အူဘာမီယန်းဟာ ပထမပိုင်းမှာ အပိုင် ၂ ဂိုး၊ ၃ ဂိုးသွင်းယူနိုင်မယ့် အခွင့်အရေးရခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ သူ့ရဲ့စွမ်းဆောင်ရည်အတွက်ကျေနပ်မိပြီး ဒါဟာ သူ့ရဲ့ကစားသမားဘဝမှာ ပြုလုပ်ခဲ့တဲ့အရာတွေပါ။သွင်းဂိုးတွေက သူ့အတွက်လိုအပ်ပြီး ဒီနေ့မှာတော့ သူက ဒါကိုပြုလုပ်သွားခဲ့ပါတယ်”လို့ ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ နယူးကာဆယ်အသင်းကို အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၁၀ ကို တက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့်ပတ်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အူဘာမီယန်ကတော့ ဒီရာသီမှာ အာဆင်နယ်အတွက် ငါးဂိုးမြောက်သွင်းဂိုးကို ရရှိခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်း ခြေစွမ်းထပ်ပြနေမယ်ဆိုရင်တော့ အာဆင်နယ်ရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်တွေက ပိုမိုတောက်ပလာမှာဖြစ်ပါတယ်။                           

(SO)






အခြားဆက်စပ်သတင်းများ