နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာဝက်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိနှင့် လယ်ဝေးမြို့နယ်၌ နှစ်လုံး၊ သုံးလုံးချဲထီ လောင်းကစားပြုလုပ်နေသူအား ဖမ်းဆီး

ကမာဝက်၊ ဇန်နဝါရီ  ၁၉


 ဇန်နဝါရီ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်ရှိ ဇရပ်ပေါ်၌ မသင်္ကာဖွယ် တွေ့ရှိသူ အောင်ကိုသက်၊ ဖိုးချစ်၊ ကျော်ရီတို့ ၃ ဦးအား စစ်ဆေးရှာဖွေရာ ၎င်းတို့ ၃ ဦးထံမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃,၇၀၀ ပြားနှင့် မော်တော်ဆိုင်ကယ် ၂ စီး တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် အောင်ကိုသက် (၂၂)နှစ်၊ ဖိုးချစ်(၁၉)နှစ်၊ ကျော်ရီ(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁၄ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်တွင် လယ်ဝေးမြို့နယ်၊ ကြောင်ရေကျေးရွာနေ မှတ်ကြီး(ခ)လင်းနိုင်(၃၅)နှစ်၏ နေအိမ်တွင် တရားမဝင်နှစ်လုံး၊ သုံးလုံးချဲထီလောင်းကစားပြုလုပ်နေကြောင်း သတင်းအရ နေပြည်တော်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေရာ နှစ်လုံး၊ သုံးလုံးချဲထီလောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် စာရွက်စာတမ်းများ၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၉၉,၀၀၀ ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိသဖြင့် မှတ်ကြီး(ခ)လင်းနိုင်အား အေလာနယ်မြေရဲစခန်း(ပ)၄/၂၀၂၁၊ လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ