နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်ဆည်မြို့နယ်၌ တရားမဝင်အနှိပ်ခန်း ဖမ်းဆီးရမိ

ကျောက်ဆည်၊ ဇန်နဝါရီ  ၁၉

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဇန်နဝါရီလ ၁၃ ရက်က COVID-19 ကာလအတွင်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအား ဖောက်ဖျက်လျက် တရားမဝင်အနှိပ်ခန်းဖွင့်လှစ်လုပ်ကိုင် နေသူများနှင့် လာရောက်သူများအား အရေးယူထားကြောင်းသိရသည်။

 ဖြစ်စဉ်မှာ ကျောက်ဆည်မြို့နယ်၊ အင်ဒိုင်းစံပြကျေးရွာရှိ ကိုကိုကြီး ပိုင်ဆိုင်သော ရွှေကမ္ဘာ(၃) စားသောက်ဆိုင်၌ တရားမဝင်အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ ဇန်နဝါရီလ ၁၃ ရက်၊ ည ၉ နာရီခွဲအချိန်တွင် ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးရာ ဆိုင်တာဝန်ခံဖြစ်သူ တွံတေးမြို့နယ်နေ မစုသော်တာကျော်(၃၅)နှစ်ပါ ဆိုင်ဝန်ထမ်း ၂ ဦး၊ အနှိပ်သမားများဖြစ်သည့် မနော်နီလာအေး(၄၅)နှစ်ပါ ၆ ဦး၊ လာရောက်အနှိပ်ခံသူ နိုင်စိုး(၃၀)နှစ်ပါ ၄ ဦး၊ စုစုပေါင်း ၁၂ ဦးတို့အား အနှိပ်ခန်းတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ တွေ့ရှိဖမ်းဆီးရမိသဖြင့် မစုသော်တာကျော်ပါ ၁၂ ဦးနှင့် ကိုကိုကြီးတို့အား ကျောက်ဆည်မြို့မ ရဲစခန်း(ပ)၄၃/၂၀၂၁၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ