နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကူးစက်ပျံ့နှံ့နေသည့်ကာလအတွင်း တောင်ကိုရီးယားနိုင်ငံတွင် အွန်လိုင်း စာသင်ကျောင်း တန်းခွဲများ ဖွင့်လှစ်မည်

COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေချိန်အတွင်း စာသင်ကျောင်းများ ဖွင့်မည့်ကာလကို ရွှေ့ဆိုင်းထားသော် လည်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရာတွင် လစ်ဟင်းမှု လျော့နည်းစေရန်အတွက် လာမည့် ရက်သတ္တပတ်တွင် အွန်လိုင်းစာသင်ကျောင်း တန်းခွဲများ ဖွင့်လှစ်သွားမည်ဟု တောင်ကိုရီးယားနိုင်ငံက ကြေညာ ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် COVID-19 အတည်ပြုလူနာ မြင့်တက်လာခြင်းကြောင့် မတ်လ အစောပိုင်းတွင် စတင်ရန် စီစဉ်ထားသည့် စာသင်ကျောင်းများ၏ စာသင်နှစ်သစ်အစကို ဧပြီလ ၆ ရက်အထိ ရွှေ့ဆိုင်းခဲ့သည်။ တောင်ကိုရီးယားနိုင်ငံတွင် COVID-19 ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့ခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူ အရေအတွက်ကို ၁၀၀ နီးပါးတွင် ထိန်းထားနိုင်ခဲ့သည်။ သို့သော် ခရစ်ယာန်ဘုရားကျောင်းများ၊ ဆေးရုံများ၊ စောင့်ရှောက်ရေးဂေဟာများ အပါအဝင် အစုအဖွဲ့လိုက် ရောဂါကူးစက်မှုများနှင့် ပြည်ပမှ ဝင်ရောက်လာသည့် ရောဂါပိုးရှိသူ အရေအတွက်မှာ မြင့်တက်နေဆဲဖြစ်သည်။ COVID-19 ကူးစက်ပျံ့နှံ့မှုကို မတားဆီးနိုင်မချင်း စာသင်ကျောင်းများ ပြန်ဖွင့်ရန် အသင့်ဖြစ်မည်မဟုတ်ဟု တောင်ကိုရီးယားဝန်ကြီးချုပ်က ပြောသည်။ ကျောင်းသားများ ပညာသင်ကြားရာတွင် လစ်ဟင်းမှု လျော့နည်းစေရန်အတွက် အိမ်မှ ပညာသင်ယူနိုင်မည့် နည်းပညာများ ပံ့ပိုးပေးမည်ဖြစ်ပြီး ဧပြီလ ၉ ရက်တွင် အွန်လိုင်းတန်းခွဲများ စတင်ဖွင့်လှစ်သွားမည်ဟု ဆိုသည်။ . Ref:Reuters(KNT)






အခြားဆက်စပ်သတင်းများ