နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောင်ချိုမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်နေသူ ၇ ဦး ဖမ်းဆီးအရေးယူ

နောင်ချို၊ ဇန်နဝါရီ  ၁၇


 ဇန်နဝါရီ ၁၃ ရက်၊ နံနက် ၇ နာရီခွဲအချိန်က ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ဇာလီကျေးရွာနှင့် ငါးပင် ကျေးရွာကြားတွင် ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ဒိုးပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါနေရာ၌ ကြက်တိုက် လောင်းကစား ပြုလုပ်နေသူ ဘန့်ဘွေးကျေးရွာ၊ ရပ်ကွက်(၄)နေ အောင်မျိုးအေး(၂၉)နှစ်၊ သောင်းလွင် (၅၀)နှစ်၊ ကျောင်းကုန်း ရပ်ကွက်နေ တင်ဦး(၆၁)နှစ်၊ သရက်ကုန်းကျေးရွာနေ မျိုးသူ (၃၀)နှစ်၊ ဇာလီ ကျေးရွာနေ သက်ဦး(၃၁)နှစ်၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၁၂)၊ ရေချမ်းအိုးနေ ဘိုဘိုဇင်(၄၁)နှစ်၊ ရပ်ကွက်ကြီး(၇)၊ စက်ခေါင်းရုံလမ်းနေ မျိုးဆန်း(၂၇)နှစ်တို့အား တိုက်ကြက်ဖ(၅)ကောင်၊ လောင်းကြေးငွေ ၃၀၀,၀၀၀ ကျပ်၊ လက်ကိုင်ဖုန်းမျိုးစုံ ၆ လုံးတို့နှင့်အတူတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အောင်မျိုးအေးပါ ၇ ဦးတို့အား ဒိုးပင်နယ်မြေရဲစခန်း(ပ)၂/၂၀၂၁၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ