နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်တော်ဆိုင်ကယ်များနှင့် သုံးဘီးလူစီး/ထော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်လုပ်ငန်းကိုတစ်ရက်အစီးရေ (၂၀ဝ) နှုန်းဖြင့်ဆောင်ရွက်ပေးသွားမည်

ရန်ကုန် ဇန်နဝါရီ ၁၇


ရန်ကုန်တိုင်းဒေသကြီး အပါဝင်ကျန်တိုင်းနှင့်ပြည်နယ်မြို့ကြီးများ၌ မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော် ဆိုင်ကယ်၊ လူစီးသုံးဘီးမော်တော်ယာဉ်နှင့်ထော်လာဂျီယာဉ်များ၏ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကို တစ်ရက်လျင် အစီးရေ (၂၀ဝ) နှုန်းဖြင့် ဇန်နဝါရီ ၂၀ ရက် မှစတင်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ သိရသည်။

" ရန်ကုန်တိုင်းဒေသကြီး မှာက တရားဝင်ဆိုင်ကယ်စီးခွင့်ပြုထားတဲ့ ရန်ကုန်တောင်ပိုင်းခရိုင်ထဲကမြို့နယ် အချို့နဲ့ရန်ကုန်မြောက်ပိုင်းခရိုင်ထဲကမြို့နယ်အချို့ကိုကနဦးမှတ်ပုံတင်လုပ်ငန်းကိုစတင်ဆောင်ရွက်ပေးသွားမှာပါ။ အဓိကကတော့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံခြားကနေတင်သွင်းလာတဲ့ မော်တော်ဆိုင်ကယ်တွေ သုံးဘီးဆိုင်ကယ်တွေ Show Room တွေမှာရှိနေတဲ့ ဆိုင်ကယ်တွေကို ကနဦးမှတ်ပုံတင်လုပ်ငန်း စတင်လုပ်ပေးမှာပါ။ ဒါက မန္တလေးတိုင်းဒေသကြီးမှာတော့ တစ်ရက်ကို အစီး ၃၀ဝ လုပ်ပေးမယ်၊ ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်ကညနရုံးတွေမှာတော့ တစ်ရက်ကို အသုတ် ၄ သုတ်ခွဲပြီး  အစီး ၂၀ဝ နှုန်းနဲ့ဆောင်ရွက်ပေးသွားပါမယ်။ဒီအတွက်အွန်လိုင်းကနေ ကြိုတင်ဘိုကင်လုပ်ရမှာပါ  "ဟု ရန်ကုန်တောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ဦးစီးမှုး ဒေါ် ဒေါ်မြင့်မြင့်သန်းကပြောသည်။

ရန်ကုန်တိုင်းတောင်ပိုင်းခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန (ကညန)အနေဖြင့်ရုံးသစ်ဖွင့်လှစ် ထားသော သန်လျင်မြို့နယ် ရေကြောင်းတက္ကသိုလ် လမ်းဆုံအနီးဘုရားကုန်းကျေးရွာရှိ ရန်ကုန်တောင်ပိုင်းခရိုင် က.ည.န ရုံးသစ်တွင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်မြောက်ပိုင်းခရိုင်အနေဖြင့် ယနေ့ဆောင်ရွက်ပေးလျက်ရှိသော ရန်ကုန်မြောက်ပိုငိးခရိုင် ကညနရုံးတို့တွင်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ရန်ကုန်မြို့တွင်ဆိုင်ကယ်စီးနင်းခွင့်ပြုထားသော ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ဒလ၊ တွံတေးစသောမြို့နယ်များပါဝင်ပြီး ရန်ကုန့်မြောက်ပိုင်းခရိုင်အနေဖြင့် မှော်ဘီ၊ ထန်းတပင်၊ လှိုင်သာယာ၊  တိုက်ကြီး      နှင့်အခြားမြို့နယ်များပါဝင်ကြောင်း သိရသည်။ ထိုနေ့တွင်မော်တော်ဆိုင်ကယ်၊ သုံးဘီးမော်တော်ဆိုင်ကယ်၊ လူစီး သုံးဘီးမော်တော်ယာဉ်နှင့် ထော်လာဂျီယာဉ်များကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်ပေးသွား မည်ဖြစ်သည်။

အလားတူ နိုင်ငံနှင့်တစ်ဝှမ်းဆိုင်ကယ်စီးနင်းခွင့် သုံးဘီးဆိုင်ကယ်စီးနင်းခွင့်ပြုထားသော မြို့ကြီးများရှိ ကညနရုံး များတွင်လည်း ဇန်နဝါရီ ၂၀ ရက်မှစတင်ကာတစ်ပြိုင်တည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုကနဦးမှတ်ပုံတင်မည့်သူများသည် Online Booking System အနေဖြင့် ရက်ချိန်းရယူရန် www.rtad.gov.mm Website တွင် ဇန်နဝါရီ ၁၈ ရက်နေ့မှစတင်ကာ အနည်းဆုံး ၁ ရက်မှ အများဆုံး ၁၀ ရက်အထိကြိုတင်ရယူနိုင်ကြောင်းသိရသည်။ RTAD HQ Facebook တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

မင်းခ






အခြားဆက်စပ်သတင်းများ