နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည်းကူးမြို့နယ်၌ တားမြစ်ချက်မလိုက်နာသည့် KTV ဆိုင် ဖွင့်လှစ်လုပ်ကိုင် သူများအား အမှုဖွင့်အရေးယူ

ရန်ကုန်၊ ဇန်နဝါရီ  ၁၆

  ဇန်နဝါရီ ၁၀ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာရှိ "လွမ်းပြေအောင်"KTV ဆိုင်အား ဝင်ရောက်စစ်ဆေးရာ ဆိုင်မန်နေဂျာ ဇော်ကြီး(၅၂)နှစ်၊ ဆိုင်ဝန်ထမ်း မမော်မော်လှိုင်(၁၉)နှစ်ပါ ၁၂ ဦးနှင့် လာရောက်သီချင်းဆိုသူ ဆင်ဖုံကျေးရွာနေ သီဟ(၂၇)နှစ်ပါ ၁၅ ဦး၊ စုစုပေါင်း ၂၈ ဦးအား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် COVID-19 ရောဂါကာလအတွင်း တားမြစ်ချက်အားလိုက်နာမှုမရှိဘဲ KTV ဆိုင်ဖွင့်လှစ်လုပ်ကိုင်သူ ဆိုင်ပိုင်ရှင် ဌေးလွင်နှင့် မန်နေဂျာဇော်ကြီးတို့အား လှည်းကူးမြို့မရဲစခန်း(ပ)၇/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်လည်းကောင်း၊ ဆိုင်ဝန်ထမ်း မော်မော်လှိုင်ပါ ၁၂ ဦးနှင့် လာရောက်သီချင်းဆိုသူ သီဟပါ ၁၅ ဦး၊ စုစုပေါင်း ၂၇ ဦးအား လှည်းကူးမြို့မရဲစခန်း (ပ)၈/၂၀၂၁၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သိရသည်။   

ဆွေဦး






အခြားဆက်စပ်သတင်းများ