နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဝေးကွင်းမှာ ပိုကယ်ဖလားကို နှုတ်ဆက်ထွက်ခွာခဲ့ရတဲ့ ဘိုင်ယန်မြူးနစ်

ဇန်နဝါရီ   ၁၆

ဂျာမန်ပိုကယ်ဖလား လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ  ပိုကယ်ဖလားပြိုင်ပွဲ ဒုတိယ အဆင့်မှာပဲ ဘွန်ဒက်လီဂါ ၂ က ဟိုလ်စတိုင်းကီရယ်လ်အသင်းကို ပယ်နယ်တီနဲ့အရေးနိမ့်ကာ လက်ပြ နှုတ်ဆက်ခဲ့ရပြီဖြစ်ပါတယ်။ ဒီလိုထွက်ခွာခဲ့ရမှုဟာ ၂၁ နှစ်အတွင်းမှာ ဒုတိယအဆင့်ကနေ ၂ ကြိမ်မြောက်      ထွက်ခွာခဲ့ရမှုအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘိုင်ယန်ရဲ့ ပွဲထွက်လူစာရင်းမှာ အသင်းကြီးကစားသမားအများစု ပါဝင်လာခဲ့ပြီး တိုက်စစ်ပိုင်းကို နာဘရီနဲ့ မူလာတို့က ဦးဆောင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေကို ၁၄ မိနစ်မှာ နာဘရီက သွင်းယူခဲ့ပြီး ၃၇ မိနစ်မှာတော့ ချေပဂိုးပြန်လည်ပေးခဲ့ရပါတယ်။ ဒုတိယပိုင်း ၄၈ မိနစ်မှာ ဆာနေးက    နောက်ထပ် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ် မိနစ် ၉၀ မှာတော့ ချေပဂိုးပြန်သွင်းခံခဲ့ရပါတယ်။ အချိန်ပိုမှာလည်း ဂိုးမသွင်းနိုင်ခဲ့ကြလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ ရပါတယ်။ နှစ်သင်းစလုံးဂိုးရအောင်သွင်းယူနိုင်ခဲ့ကြပြီး ၆ ယောက်မြောက်မှာ ဘိုင်ယန်ဘက်က လူစားဝင် ကစားသမား မာ့ခ်ရိုကာ လွဲချော်ခဲ့လို့ ဟိုလ်စတိုင်းကီရယ်လ်တို့ အနိုင်ရရှိခဲ့ပြီး လက်ရှိချန်ပီယံကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဖလားသုံးလုံးပိုင်ရှင်ကြီးဘိုင်ယန်အတွက် ပထမဆုံးဖလား တစ်လုံးကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။                                                                                           

(SO)






အခြားဆက်စပ်သတင်းများ