နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 5000 mAh ပါဝင်သည့် HTC Desire 21 Pro 5G စမတ်ဖုန်းကို ကြေညာ

ဇန်နဝါရီ   ၁၆

HTC ကအလယ်အလတ်တန်း 5G စမတ်ဖုန်းသစ်တစ်လုံးဖြစ်သည့် HTC Desire 21 Pro 5G ကို ကြေညာလာပြီး အဆိုပါစမတ်ဖုန်းမှာ ၆ ဒသမ ၇ လက်မ IPS LCD 1080x2400px Resolution သုံးထားပြီး 90Hz Refresh Rate နှင့် HDR10 ထောက်ပံ့ထားသည်။

ကျောဘက်ကင်မရာလေးလုံးပါဝင်ပြီး 48MP f/1.7 + 8MP f/2.2 Ultrawide + 2MP Macro + 2MP Depth တို့ ဖြစ်သည်။ ရှေ့ကင်မရာ 16MP ကို Punch-Hole မှာ ထည့်သွင်းထားသည်။
Snapdragon 690 Chipset သုံးထားကာ 5G ထောက်ပံ့ထားပြီး RAM8GB နှင့် Storage 128GB ပါဝင်ကာmicroSD ကနေ ထပ်တိုးနိုင်မည်ဖြစ်သည်။ဘက်ထရီ 5000 mAhပါဝင်ပြီး18W ဖြင့် အားသွင်းနိုင်မည် ဖြစ်ပြီး Android 10 စနစ်သာပါဝင်သည်။ အဆိုပါ စမတ်ဖုန်းကိုကြိုတင်အမှာလက်ခံနေပြီဖြစ်ပြီး ဈေးနှုန်း အနေဖြင့် ဒေါ်လာ ၄၃၀ သတ်မှတ်ထားကြောင်း သိရသည်။                                                            

(သူရိန်)






အခြားဆက်စပ်သတင်းများ