နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကနီမြို့နယ်၌ ၆ ဘီးယာဉ်တိမ်းမှောက် ၂ ဦးသေ ၁၅ ဦး ဒဏ်ရာရ

ကနီ၊ ဇန်နဝါရီ  ၁၅

  စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် ဇန်နဝါရီ ၁၂ ရက်က ၆ ဘီးယာဉ် တိမ်းမှောက်ရာမှ ၂ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
 ဖြစ်စဉ်မှာ ကနီမြို့နယ်၊ နတ်ထိပ်ကျေးရွာအနီး ကပိုင်-အလောင်းတော်ကဿပဘုရား ကားလမ်း မိုင်တိုင်အမှတ် ၇ ၌ ဇန်နဝါရီ ၁၂ ရက်၊ ညနေ ၄ နာရီအချိန်က ဘုတလင်းမြို့ဘက်မှ ပုလဲမြို့ဘက်သို့ ဘုတလင်းမြို့နယ်၊ နတ်ကျေးရွာနေ ဌေးဝင်း(၅၂)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေ ဟိန်းဇာ(၃၁)နှစ်၊ ဝင်းမင်းထွန်း(၂၆)နှစ်တို့ပါ ၁၇ ဦး လိုက်ပါလာသော 1I/----- Skat ၆ ဘီးယာဉ်သည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဌေးဝင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသော ဝင်းမင်းထွန်းတို့မှာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ဟိန်းဇာပါ ၁၅ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဌေးဝင်း(သေဆုံး)အား ကနီမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ