နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ဒဂုံမြို့နယ်သို့ Mobile Marketဈေးကားများ လာရောက်ရောင်းချ

ရန်ကုန်  ဇန်နဝါရီ  ၁၆

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုများနေချိန်မှာ ပြည်သူများမိမိနေအိမ်မှနေ၍ ဈေးများသို့ သွားရောက်မဝယ်ယူရပဲ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် Mobile Market ဈေးကား များဖြင့် ရောင်းချပေးပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက်  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့်ညီနောင်အသင်းလုပ်ငန်းရှင်တို့ ပူးပေါင်း၍ စီစဉ်ရောင်းချပေးလျက်ရှိသော Mobile Market ဈေးကားများသည်ယနေ့နံနက်ပိုင်း ၇နာရီမှ စတင်၍ ဒဂုံမြို့နယ်ရှိ ဗိုလ်ရာညွန့်လမ်း၊ ယောမင်းကြီးရပ်ကွက်တို့ရှိ ပြည်သူများအား လှည့်လည်ရောင်းချ‌ပေးခဲ့ကြောင်းသိရသည်။

ယနေ့လာရောက်ရောင်းချသောဈေးကားများတွင် ကြက်သား၊အမဲသား၊ဆိတ်သား၊ ဝက်သား၊ရေချို/ရေငန် ငါးအမျိုးမျိုး၊ ပုဇွန်နှင့်ပင်လယ်စာများ ကြက်ဥ၊ဘဲဥ၊ စားသုံးဆီနှင့် ဟင်းသီး ဟင်းရွက်တို့ကို Mobile Market ဈေးကားစုစုပေါင်း (၈)စီးဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်းသိရသည်။

မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ