နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ပွဲ ၄ ပွဲဆက်အနိုင်ရခဲ့တာကြာင့် ချန်ပီယံပြိုင်ပွဲထဲရောက်လာတဲ့ မန်စီးတီး

ဇန်နဝါရီ   ၁၅


မန်ချက်စတာစီးတီးအသင်းအနေနဲ့ အိမ်ကွင်းမှာ ဘရိုက်တန်နဲ့ ကစားခဲ့ရပေမယ့်လည်း တိုက်စစ်မှူး တွေရဲ့အဆုံးသတ်မှုတွေက မကောင်းတာကြောင့် ပွဲတွင်းကန်ချက်  ၁၆  ကြိမ်မှာ ၆ ကြိမ်သာ ဂိုးပေါက်တည့်ပြီး  ၁ ဂိုးနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။      

ပွဲချိန် ၁၄ မိနစ်မှာ ဒီဘရိုင်းနားရဲ့ ကန်ချက်က ဂိုးသမားပိတ်ဖို့အတွက် လွယ်လွန်းနေခဲ့သလို ၂၃ မိနစ်မှာ လည်း ဂွန်ဒိုးဝမ် ပြေးထွက် ရယူပေးပို့ခဲ့တဲ့ ဘောလုံးကို ဘယ်သူမှ အသုံးမချနိုင်ခဲ့တာတွေက  စိတ်ပျက်စရာ ဖြစ်ခဲ့ရပြီး ဘရိုက်တန်ကတော့ ဘယ်ခြမ်းက ထရော့ဆတ်ရဲ့ တစ်ကိုယ်တော် တန်ပြန်တိုက်စစ်တွေနဲ့ ခြိမ်းခြောက်ခဲ့ပါတယ်။        

ပွဲချိန် ၂၇ မိနစ်မှာ ဘရိုက်တန်နောက်တန်းက ပြန်ပေးတဲ့ ဘောလုံးကို ဂိုးသမားဖမ်းခဲ့တာကြောင့် ပင်နယ်တီဧရိယာထဲမှာ ဖရီးကစ်ကန်ခွင့်ကိုလည်း ဒီဘရိုင်းနား အသုံးမချနိုင်ခဲ့ပါ။ တန်ပြန်တိုက်စစ်ကနေ မိနစ် ၄၀ မှာ သူပဲ ကန်ခွင့်ရခဲ့သေးပေမယ့် Shot Technique တွေကတော့ ဂိုးသမားအတွက် လွယ်ကူစေဖို့ပဲ ဖြစ်နေခဲ့ပါတယ်။ ပွဲချိန် ၄၄ မိနစ်မှာတော့ ဒီဘရိုင်းနားရဲ့ ပေးပို့မှုကနေ ဘရိုက်တန် နောက်တန်းရှေ့ ဘယ်ခြမ်း မှာ နေရာယူထားတဲ့ ဖိုဒန်က အတွင်းကို ဆွဲပြီး ညာခြေနဲ့ကန်သွင်းခဲ့ရာမှာ စီးတီးတို့ ဦးဆောင်ဂိုးရခဲ့ ပါတယ်။ ဒုတိယပိုင်းမှာလည်း စီးတီးတို့ပဲ ဖိကစားခဲ့ပြီး မာရက်ဇ်ရဲ့ အဆုံးသတ်မှုမကောင်းသလို ဂွန်ဒိုးဝမ်ရဲ့ ကန်ချက်ကို ဂိုးသမား ကာကွယ်ပြီး ပြန်ထွက်လာတာကို ဘာနာဒို ဆေးလ်ဗား ရယူ ပိတ်သွင်းရာမှာ ဂိုးဘား ထောင့်စွန်းနဲ့ ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ 

ပွဲပြီးခါနီးမှာတော့ ဒီဘရိုင်းနားရဲ့ ကြိုးစားမှုကရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်မကန်ဘဲ ဖိုဒန်အစား ဝင်လာတဲ့ စတာလင်ကို ပေးကန်ခဲ့ရာမှာ အင်္ဂလန်သားရဲ့ကန်ချက်က ဆိုးဆိုးရွားရွား ဂိုးဘားပေါ်ကျော် သွားခဲ့လို့ စီးတီးတို့ တစ်ဂိုးတည်းနဲ့ပဲကျေနပ်ခဲ့ရပြီး ပွဲအပြီးမှာတော့ တစ်ပွဲကျန် ရမှတ် ၃၂ မှတ်နဲ့ ပွဲပြည့် ကစားပြီး ၃၃ မှတ်ရထားတဲ့ လီဗာပူးလ်နဲ့ ထိပ်ဆုံးက ၃၆ မှတ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ နည်းပြဂွါဒီယိုလာအတွက်တော့ ကွင်းလယ်လူတွေရဲ့ အဆုံးသတ်ပိုင်းကို အားကိုးတာကိုလျှော့ချသင့်ပြီဖြစ်ပြီး အဂွေရိုနဲ့ ဂျေဆူးစ်တို့ကို မသုံးချင်ဘူးဆိုရင် တိုက်စစ်မှူးသစ်တစ်ယောက်ကို  ရှာဖွေဖို့လည်းလိုအပ်နေပြီဖြစ်ပါတယ်။                                                                                         

(SO)






အခြားဆက်စပ်သတင်းများ